ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်လှူဒါန်း

 

 

နေပြည်တော်    ဇွန်   ၇
ပြည်ထဲရေးဝန်ကြီးဌာန   တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ   ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက် ရှိသည်။
ထိုသို့   လှူဒါန်းလျက်ရှိရာ   ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး  မော်လိုက်မြို့နယ်ရှိ ကြောင်ပန်းကျောင်းတိုက်သို့  လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်ရှိ မဟာ ပညာဗိမာန်  စာသင်တိုက်သို့လည်းကောင်း၊ မွန်ပြည်နယ်   မော်လမြိုင်မြို့နယ်ရှိ   အရှေ့ ကံ့ကော်ကျောင်းတိုက်သို့   လည်းကောင်း၊ ရခိုင်ပြည်နယ်         ကျောက်တော်မြို့နယ်ရှိ  မှန်ကျောင်းကျောင်းတိုက်သို့   လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး      အင်းစိန်မြို့နယ်ရှိ ရတနာသီခကျောင်းတိုက်သို့  လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး       ပုသိမ်မြို့နယ်ရှိ အောင်မြေဘုံသာ     ပရိယတ္တိစာသင်တိုက် (သီတဂူဗုဒ္ဓကောလိပ်)သို့    လည်းကောင်း ဆရာတော်၊  သံဃာတော်များအတွက် တာဝန် ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်း ခဲ့ကြကြောင်း သိရသည်။               သတင်းစဉ်