
နေပြည်တော် ဖေဖော်ဝါရီ ၁၇
ကိုဗစ်- ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင် ရွက်နေသည့်ကာလအတွင်း ဆွမ်း ကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီး ဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာ ထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသ ကြီး ကန့်ဘလူမြို့နယ်ရှိ မဟာ ရွှေစည်ကြီးပရိယတ္တိစာသင်တိုက် သို့ လည်းကောင်း ၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ရှိ မဏိရတနာကျောင်းတိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အရိယဝံသ မြို့ဦးကျောင်းတိုက်၊ တာချီလိတ် မြို့နယ်ရှိ တောင်တန်းသာသနာပြု (ဗဟို) ကျောင်းတိုက်နှင့် မိုးမိတ် မြို့နယ်ရှိ ရွှေကျောင်းပရိယတ္တိ စာသင်တိုက်တို့သို့ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ မြို့နယ်ရှိ ပဇ္ဇောတာရုံ (တိုက်သစ်) ကျောင်းတိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ တိုင်း ဒေသကြီး/ ပြည်နယ်တို့ရှိ တာဝန် ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်