ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်


 

နေပြည်တော်   မတ်     ၂၉
ပြည်ထဲရေးဝန်ကြီးဌာန  တပ်ဖွဲ့ ဝင်/ဝန်ထမ်း အရာထမ်း၊  အမှုထမ်း မိသားစုများက         မြို့နယ် အသီးသီးရှိ      ဘုန်းတော်ကြီး ကျောင်းများသို့     ဆွမ်းဆန်တော် များ    ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်            ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ တောင်ပေါ် ကျောင်းတိုက်သို့  လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး  ပဲခူးမြို့နယ်ရှိ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ် ကျောင်းတိုက်သို့  လည်းကောင်း၊ ရခိုင်ပြည်နယ်            တောင်ကုတ် မြို့နယ်ရှိ    မဟာသဒ္ဓမ္မပန်းကုံး ကျောင်းတိုက်သို့  လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး           ဒဂုံ မြို့သစ်(ဆိပ်ကမ်း)    မြို့နယ်ရှိ အောင်သုခ ပရိယတ္တိစာသင်တိုက် သို့လည်းကောင်း၊  ဧရာဝတီတိုင်း ဒေသကြီး   မြောင်းမြမြို့နယ်ရှိ ဇေယျမေဒနီ             စာသင်တိုက် သို့လည်းကောင်း     ဆရာတော် သံဃာတော်များအတွက်    ဆွမ်း ဆန်တော်များကို တာဝန်ရှိသူများ က သွားရောက်ဆက်ကပ်လှူဒါန်း ကြကြောင်း သိရသည်။
                       သတင်းစဉ်