
နေပြည်တော် ဖေဖော်ဝါရီ ၂
ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း များ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်း ကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲ ရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ဗုဒ္ဓါနုဿတိ ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း ၊ မန္တလေးတိုင်းဒေသကြီး အောင်မြေ သာစံမြို့နယ်ရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်း ကျောင်းသို့ လည်းကောင်း၊ ရခိုင်ပြည် နယ် သံတွဲမြို့နယ်ရှိ အောင်မြေသာစည်ပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး ဗဟန်းမြို့နယ်ရှိ လွတ်လပ်ရေး ကျောင်းတိုက်သို့ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ မြို့နယ်ရှိ စွမ်းအားပရိယတ္တိ စာသင်တိုက်သို့ လည်း ကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွား ရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်