ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

 

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁
ကိုဗစ်- ၁၉    ရောဂါ     ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင် ရွက်နေသည့်ကာလအတွင်း  ဆွမ်း ကိစ္စရပ်များ   အဆင်ပြေစေရန် ရည်ရွယ်၍   ပြည်ထဲရေးဝန်ကြီး ဌာန          တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊  အမှုထမ်းမိသားစုများ က မြို့နယ်အသီးသီးရှိ ဘုန်းတော် ကြီးကျောင်းများသို့    ဆွမ်းဆန် တော်များ ဆက်ကပ်လှူဒါန်းလျက် ရှိသည်။
ထိုသို့   ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ       ဒက္ခိဏသီရိမြို့နယ် ရှိ         ရွှေမြိုင်ကျောင်းတိုက်သို့  လည်းကောင်း၊     ပဲခူးတိုင်းဒေသ ကြီး     ပဲခူးမြို့နယ်ရှိ     ဥဿာ သီရိပရိယတ္တိ     စာသင်တိုက်သို့ လည်းကောင်း၊   ပဲခူးတိုင်းဒေသ ကြီး  ပြည်မြို့နယ်ရှိ ဝိသုဒ္ဓါရုံဗာရာ ဏသီကျောင်းတိုက်သို့      လည်း ကောင်း(အပေါ်ဝဲပုံ)၊ မွန်ပြည်နယ်   ကျိုက်ထိုမြို့နယ်ရှိ    ကျားတဲ ကျောင်းတိုက်သို့   လည်းကောင်း (အပေါ်ပုံ)၊       ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ         ဓမ္မစရိယ တက္ကသိုလ်သို့      လည်းကောင်း၊   ဧရာဝတီတိုင်းဒေသကြီး   မအူပင် မြို့နယ်ရှိ  နဝင်းပရိယတ္တိစာသင် တိုက်သို့ လည်းကောင်း    ဆရာ တော်၊  သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိ သူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း  သိရသည်။ 
သတင်းစဉ်