ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

 

 

နေပြည်တော်   ဇွန်  ၆
ပြည်ထဲရေးဝန်ကြီးဌာန   တပ်ဖွဲ့ဝင်/  ဝန်ထမ်း  အရာထမ်း၊  အမှုထမ်း  မိသားစုများက    မြို့နယ် အသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန် တော်များ  ဆက်ကပ်လှူဒါန်းခြင်းကို   ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ      ယနေ့တွင်  နေပြည်တော်ကောင်စီနယ်မြေ  ဒက္ခိဏသီရိမြို့နယ်ရှိ  ကျီးလေးသဲငယ်ပညာရေးစင်တာသို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ရှိ ကုန်းသာဦး ကျောင်းတိုက်သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်ရှိ      ဗောဓိကုန်းကျောင်းတိုက် သို့လည်းကောင်း၊   မွန်ပြည်နယ်     ရေးမြို့နယ်ရှိ  ရွှေကျောင်းကျောင်းတိုက်သို့လည်းကောင်း၊   ရှမ်း ပြည်နယ် မူဆယ်မြို့နယ်ရှိ  မဇ္စျှိမာရာမမန်ကန်မဟာ စည် သာသနာ့ရိပ်သာသို့  လည်းကောင်း၊   ဧရာဝတီ တိုင်းဒေသကြီး  ပုသိမ်မြို့နယ်ရှိ  ကမ္ဘာအေးပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း       ဆရာတော်၊  သံဃာတော်များအတွက်      ဆွမ်းဆန်တော်များကို  တာဝန်ရှိသူများက  သွားရောက်ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။        
     သတင်းစဉ်