ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

 

နေပြည်တော်   ဧပြီ ၁၇


ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ    ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ   ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ရှိ   ဆင်ဖြူကျွန်းကျောင်းတိုက်သို့   လည်း ကောင်း၊  ကချင်ပြည်နယ်  မိုးညှင်းမြို့နယ်ရှိ ထီးလင်းကျောင်းတိုက်သို့   လည်းကောင်း၊ ကရင်ပြည်နယ်  မြဝတီမြို့နယ်ရှိ  ကြခတ္တောဗောဓိကျောင်းတိုက်သို့လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး  ကန့်ဘလူမြို့နယ်ရှိ   မြို့ဦး ကျောင်းတိုက်သို့    လည်းကောင်း၊     ပဲခူး တိုင်းဒေသကြီး   ပြည်မြို့နယ်ရှိ     သာသန မင်္ဂလာစာသင်တိုက်သို့    လည်းကောင်း၊ ရှမ်းပြည်နယ်   လားရှိုးမြို့နယ်ရှိ     ပန်အုပ် ကျောင်းတိုက်သို့လည်းကောင်း  ဆရာတော်၊ သံဃာတော်များအတွက်    ဆွမ်းဆန်တော် များကို    ပြည်ထဲရေးဝန်ကြီးဌာန၊   တပ်ဖွဲ့/ဦးစီးဌာနများမှ     သက်ဆိုင်ရာ    နေပြည် တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ   တာဝန်ရှိသူများက  သွားရောက် ဆက်ကပ်    လှူဒါန်းခဲ့ကြကြောင်း     သိရ သည်။ 


သတင်းစဉ်