ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

 

 

နေပြည်တော်   ဇန်နဝါရီ    ၃၁
ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း များ   ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်း ကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲ ရေးဝန်ကြီးဌာန  တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက    မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို    ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပဲခူး တိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ဥဿာသီရိ ပရိယတ္တိ စာသင်တိုက်နှင့် တောင်ငူမြို့နယ်ရှိ လေးဂိုဏ်းထောင့် ပရိယတ္တိစာသင်တိုက်တို့သို့ လည်းကောင်း (ဝဲပုံ)၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ အောင်ဗလ ကျောင်းတိုက်သို့ လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး    ရန်ကင်းမြို့နယ်ရှိ     မဟာဗောဓိ   ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ မဏိရံသီကျောင်း တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော် များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေး ဝန်ကြီးဌာန တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်      ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။                          
သတင်းစဉ်