
နေပြည်တော် ဇန်နဝါရီ ၂၄
ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီး ဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြ သည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင် ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ အံတော်ရှင် တောင်တန်းသာသနာပြု (ဗဟို) ကျောင်းတိုက်သို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက် မြို့နယ် ကြောင်ပန်းကျောင်းတိုက်သို့ လည်းကောင်း ၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကလေးဝ တောရစာသင်တိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် တိုက်ကြီးပရိယတ္တိစာသင် တိုက် နှင့် ဟင်္သာတမြို့နယ် မြစ်ကွေ့ ပရိယတ္တိစာသင်တိုက်တို့သို့လည်းကောင်း ဆရာ တော်၊ သံဃာတော်များ အတွက် ဆွမ်းဆန်တော်များ ကို ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့/ဦးစီးဌာနများ မှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်