ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း

 

နေပြည်တော်   ဧပြီ   ၁၀


ပြည်ထဲရေးဝန်ကြီးဌာန   တပ်ဖွဲ့ ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်း ဆန်တော်များ ဆက်ကပ်လှူဒါန်း ခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့   ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ်ရှိ ပခန်း ကျောင်းတိုက်သို့   လည်းကောင်း (ယာပုံ)၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ   ဇေယျဝတီ ကျောင်းတိုက်သို့  လည်းကောင်း၊  မန္တလေးတိုင်းဒေသကြီး အောင်မြေ သာစံမြို့နယ်ရှိ   ကုသိုလ်တော် ရိပ်သာ ပရိယတ္တိစာသင်တိုက်သို့     လည်းကောင်း၊     မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ     သာသန ရက္ခိတ  ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး  အင်းစိန်မြို့နယ်ရှိ   ရွာမပရိ ယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ်    လားရှိုးမြို့နယ်ရှိ   ဓမ္မဂုဏ်ရည်    ကျောင်းတိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာ တော်များအတွက် ဆွမ်းဆန်တော် များကို တာဝန်ရှိသူများက   သွား ရောက်ဆက်ကပ်     လှူဒါန်းကြ ကြောင်း သိရသည်။    

 

သတင်းစဉ်