
နေပြည်တော် ဧပြီ ၃
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီး သီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည် တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်ကျောင်းတိုက်သို့ လည်းကောင်း၊ ကရင် ပြည်နယ် ဘားအံမြို့နယ်ရှိ ခွယ်ကဘောင် ပညာ ဥယျာဉ်ကျောင်းတိုက်သို့ လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ်ရှိ မင်္ဂလာရာမဘုန်းကြီးကျောင်း သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မဟာ အောင်မြေမြို့နယ်ရှိ မဟာဝိဇယ ကျောင်းတိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ရိုးဂိုးကျောင်းဟောင်းကျောင်းတိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ မဟာဓမ္မိကာရာမ သိမ်တောင် ပရိယတ္တိစာသင်တိုက်နှင့် လွိုင်လင် မြို့နယ်ရှိ သာသနာဝိပုလဓာတ်တော် ပရိယတ္တိစာသင် တိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများ က သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။
သတင်းစဉ်