
နေပြည်တော် မတ် ၂၆
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစု များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ ရတနာပုံကျောင်းတိုက်သို့လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့နယ်ရှိ မဟာလေးထပ်ကျောင်းတိုက်နှင့် မုံရွာမြို့နယ်ရှိ မြို့မဂါတ်ကျောင်းတိုက်တို့သို့လည်းကောင်း၊ ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ်ရှိ သာသနာလင်္ကာရပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ် ဟိုပန်မြို့နယ်ရှိ ရဋ္ဌပါလမဟာဗောဓိ ကျောင်းတိုက်သို့လည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်ရှိ မိုးကောင်း ကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်