ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း

 

နေပြည်တော်  ဩဂုတ်  ၆


ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။

 


ထိုသို့လှူဒါန်းလျက်ရှိရာယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေး မြို့နယ်ရှိ ရတနာပုံတောရကျောင်းတိုက်သို့လည်းကောင်း၊ ကချင်ပြည်နယ်  ဗန်းမော်မြို့နယ်ရှိ  သီရိဓဇကျောင်းတိုက်သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီး မော်လိုက်မြို့နယ်ရှိ မြို့မကျောင်းတိုက်သို့လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ  အောင်မြေဘုံစံကျောင်းတိုက်သို့လည်းကောင်း၊ မွန်ပြည်နယ်  မော်လမြိုင်မြို့နယ်ရှိ   ရွှေမြိုင်ကျွန်းတောကျောင်း တိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ဓာတုဝိဇ္ဇာ ဝိပဿနာ ကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို  တာဝန်ရှိသူများက    သွားရောက်ဆက်ကပ်လှူဒါန်းကြ ကြောင်း သိရသည်။       

သတင်းစဉ်