
နေပြည်တော် ဇူလိုင် ၁၅
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိ မြို့နယ်ရှိ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်သို့ လည်းကောင်း၊ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ရှိ ကံဦးကျောင်းတိုက်သို့လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး မြင်းမူမြို့နယ်ရှိ ကံသာဓမ္မာ စရိယ ကျောင်းတိုက်သို့လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ပဏ္ဍိတာရုံ ကျောင်းတိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ သာသနရံသီကျောင်းတိုက် သို့ လည်းကောင်း၊ ရှမ်းပြည်နယ် မူဆယ် မြို့နယ်ရှိ အောက်နမ့်ဟွယ်ကျောင်းတိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူ များက သွားရောက်ဆက်ကပ် လှူဒါန်းကြ ကြောင်း သိရသည်။
သတင်းစဉ်