ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း

 

နေပြည်တော်    ဇွန်    ၁၂


ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာ ထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

 


ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ ရတနာပင်စည် မြောက်ကျောင်းတိုက်သို့လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ ဃောသိတာရာမပါဠိတက္ကသိုလ်ကျောင်းတိုက်သို့  လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ်ရှိ ကုသိုလ်တော်ရိပ်သာ   ပရိယတ္တိစာသင်တိုက်သို့  လည်းကောင်း၊   မွန်ပြည်နယ်     သထုံမြို့နယ်ရှိ စေတဝန်စာသင်တိုက်သို့   လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ  ရွာမပရိယတ္တိ စာသင်တိုက်သို့    လည်းကောင်း၊    ရှမ်းပြည်နယ် မိုင်းယန်းမြို့နယ်ရှိ       ထေရဝါဒကျောင်းတိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်