ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း

 

 နေပြည်တော်   ဇွန်  ၈


ပြည်ထဲရေးဝန်ကြီးဌာန   တပ်ဖွဲ့ဝင်/ဝန်ထမ်း  အရာထမ်း၊ အမှုထမ်း မိသားစုများက   မြို့နယ်အသီးသီးရှိ    ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ   ယနေ့တွင်  နေပြည်တော်ကောင်စီ နယ်မြေ   ပျဉ်းမနားမြို့နယ်ရှိ  သဒ္ဓမ္မရံသီအုန်းတော(တောင်)ကျောင်း တိုက်သို့ လည်းကောင်း၊   ကရင်ပြည်နယ်   ဘားအံမြို့နယ်ရှိ ရွှေဘို ကျောင်းတိုက်သို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံ မြို့နယ်ရှိ အနောက်ခင်မကန်ကျောင်းတိုက်သို့ လည်းကောင်း၊   ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်ရှိ  ကျောင်းနားဆေစာသင်တိုက်နှင့်  မူဆယ်မြို့နယ်ရှိ ရွှေသမင်ပရိယတ္တိစာသင်တိုက်တို့သို့   လည်းကောင်း၊   ဧရာဝတီတိုင်း ဒေသကြီး    မြန်အောင်မြို့နယ်ရှိ     မဟာမြိုင်ကျောင်းတိုက်သို့ လည်းကောင်း  ဆရာတော်၊  သံဃာတော်များအတွက် ဆွမ်းဆန်တော် များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။                               

သတင်းစဉ်