ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း

 

နေပြည်တော်   ဧပြီ   ၂၄


ပြည်ထဲရေးဝန်ကြီးဌာန   တပ်ဖွဲ့ ဝင်/ဝန်ထမ်း  အရာထမ်း၊   အမှု ထမ်းမိသားစုများက    မြို့နယ် အသီးသီးရှိ         ဘုန်းတော်ကြီး ကျောင်းများသို့    ဆွမ်းဆန်တော် များ   ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့  ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်   နေပြည်တော်ကောင်စီ နယ်မြေ   ဒက္ခိဏသီရိမြို့နယ်ရှိ ကျီးသဲလေးထပ် ပညာရေးစင်တာ သို့လည်းကောင်း၊   စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်ရှိ ပင်လုံ တပ်ဦးပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး           ပုလောမြို့နယ်ရှိ လယ်ဝိုင်းကျောင်းတိုက်သို့ လည်း ကောင်း၊    မန္တလေးတိုင်းဒေသ ကြီး   မဟာအောင်မြေမြို့နယ်ရှိ ကုသိုလ်တော်ရိပ်သာ         စာသင် တိုက်သို့လည်းကောင်း၊  ရန်ကုန် တိုင်းဒေသကြီး    မှော်ဘီမြို့နယ် ရှိ အောင်ချမ်းသာကျောင်းတိုက်သို့ လည်းကောင်း၊   ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ     အောင်မြေ ဘုံစံကျောင်းတိုက်သို့  လည်းကောင်း ဆရာတော်၊          သံဃာတော်များ အတွက်   ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက    သွားရောက် ဆက်ကပ်    လှူဒါန်းကြကြောင်း သိရသည်။              

သတင်းစဉ်