ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ လှူဒါန်း

 

နေပြည်တော်   ဇန်နဝါရီ   ၂၂


ကိုဗစ်- ၁၉ ရောဂါ  ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင် ရွက်နေသည့် ကာလအတွင်း ဆွမ်း ကိစ္စရပ်များ   အဆင်ပြေစေရန် ရည်ရွယ်၍   ပြည်ထဲရေးဝန်ကြီး ဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာ ထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့   ဆွမ်းဆန်တော် များ  ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 


ဆက်ကပ်လှူဒါန်း


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီ နယ်မြေ       ဇမ္ဗူသီရိမြို့နယ်ရှိ သာသနာ့ပါလဓမ္မရိပ်သာ(မြိတ်)ကျောင်းတိုက်သို့ လည်းကောင်း၊ ကချင်ပြည်နယ်      မြစ်ကြီးနား မြို့နယ်ရှိ             သာသနာ့ဝန်ဆောင် မြို့ဦးကျောင်းတိုက်သို့     လည်း ကောင်း၊  မန္တလေးတိုင်းဒေသကြီးအောင်မြေသာစံမြို့နယ်ရှိ    ရွှေဂူ ကျောင်းတိုက်သို့   လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး   တာမွေ မြို့နယ်ရှိ မစိုးရိမ်စာသင်တိုက်သို့လည်းကောင်း၊     ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်ရှိ     ဓမ္မစေတီ ကျောင်းတိုက်၊ လားရှိုးမြို့နယ်ရှိ မြို့လယ်ပရိယတ္ထိ  စာသင်တိုက် နှင့်  တောင်ကြီးမြို့နယ်ရှိ   မြို့ဦး ပရိယတ္ထိ   စာသင်တိုက်သို့လည်း ကောင်း ဆရာတော်၊ သံဃာတော် များအတွက်  ဆွမ်းဆန်တော်များ ကို       ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင် ရာတိုင်းဒေသကြီးနှင့်   ပြည်နယ် အသီးသီးရှိ  တာဝန်ရှိသူများက သွားရောက်  ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း         သတင်းရရှိ သည်။
                       

သတင်းစဉ်