ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများ ဆွမ်းဆန်တော် လှူဒါန်း

 

နေပြည်တော်   ဩဂုတ်   ၁၀


ပြည်ထဲရေးဝန်ကြီးဌာန   တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက  မြို့နယ် အသီးသီးရှိ    ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ    ဆက်ကပ်လှူဒါန်းလျက် ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ    ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ     တပ်ကုန်း မြို့နယ်ရှိ      သီရိရတနာကျောင်းတိုက်သို့ လည်းကောင်း၊ ကချင်ပြည်နယ်   မြစ်ကြီးနား မြို့နယ်ရှိ   ခေမာသီဝံပရိယတ္တိ စာသင်တိုက် သို့  လည်းကောင်း၊    ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်ရှိ ရှမ်းကျောင်းစာသင်တိုက် သို့  လည်းကောင်း၊  မန္တလေးတိုင်းဒေသကြီးအောင်မြေသာစံမြို့နယ်ရှိ ကုသိုလ်တော်ရိပ်သာ ပရိယတ္တိစာသင်တိုက်သို့    လည်းကောင်း၊ မွန်ပြည်နယ် သထုံမြို့နယ်ရှိ သာမဏေကျော် ပရိယတ္တိစာသင်တိုက်သို့      လည်းကောင်း၊ ရှမ်းပြည်နယ်  ရပ်စောက်မြို့နယ်ရှိ ဈေးတန်း ကျောင်းတိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များ ကို  တာဝန်ရှိသူများက  သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။ 


သတင်းစဉ်