
နေပြည်တော် ဩဂုတ် ၅
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ဝန်ထမ်း အရာထမ်း၊ အမှု ထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော် များ ဆက်ကပ်လှူဒါန်းလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ စိန် ရာဇာသာသနာလင်္ကာရ ကျောင်း တိုက်သို့လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး ရွှေဘိုမြို့နယ်ရှိ အောင်မြေ အရှေ့ကျောင်းတိုက်သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသ ကြီး သနပ်ပင်မြို့နယ်ရှိ မြို့မ ပရိယတ္တိ စာသင်တိုက်သို့လည်း ကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ ပုညဝတီမိုးကုတ် ဓမ္မရိပ်သာ ကျောင်းတိုက်သို့လည်း ကောင်း၊ ရခိုင်ပြည်နယ် စစ်တွေ မြို့နယ်ရှိ ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ မြို့နယ်ရှိ ပဇ္ဇောတာရုံပါဠိ တက္ကသိုလ်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်