
နေပြည်တော် ဧပြီ ၁၆
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ သို့ ကူးပြောင်းသည့် မဟာသင်္ကြန်ပွဲတော်ကို ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ သင်္ကြန်အတက်နေ့ဖြစ်သည့် ယနေ့ နံနက် ၈ နာရီခွဲမှစတင်၍ နေပြည်တော် ရုံးအမှတ် (၃၈) ရှိ ပြည်ထဲရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ဆက်လက်ကျင်းပသည်။
တက်ရောက်
အဆိုပါ ပြည်ထဲရေးဝန်ကြီး ဌာန ရေကစားမဏ္ဍပ်သို့ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ နှင့် ဇနီး၊ ဒုတိယဝန်ကြီး မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့် ဇနီး၊ အမြဲတမ်း အတွင်းဝန် ဦးခိုင်ထွန်းဦးနှင့် ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ အရာရှိကြီးများ နှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြိုင်ပွဲဝင် ယိမ်းအကအဖွဲ့များနှင့် Dancer အကအဖွဲ့များ စုံညီစွာ တက်ရောက်ကြသည်။
အခမ်းအနားရုပ်သိမ်း
မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး ညနေ ၆ နာရီ တွင် ပြည်ထဲရေးဝန်ကြီးဌာန မိသားစု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ပြည်ထဲရေး ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြည်ထဲရေးဝန်ကြီးဌာန မိသားစု မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်အခမ်းအနားကို ပိတ်သိမ်း ကြောင်း ကြေညာ၍ အခမ်းအနား အား ရုပ်သိမ်းခဲ့သည်။
သတင်းစဉ်