
နေပြည်တော် ဇူလိုင် ၁၅
ပြည်ထဲရေးဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင် ခဲ့ကြသော ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများ၏ သား သမီး၊ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး စိုးထွဋ်၊ ဒုတိယဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီး ဌာနပရဟိတအသင်းမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာန များမှ အရာရှိကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများ နှင့် တပ်ဖွဲ့ဝင်/ ဝန်ထမ်းများ၊ ထူးချွန်စွာအောင်မြင်ခဲ့ ကြသည့် ကျောင်းသား ကျောင်းသူများနှင့် မိဘများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားနေကြသည့် ကျောင်းသား ကျောင်းသူများ နှင့် မိဘများတက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများ၏ သား သမီးများ အနေဖြင့် ပညာသင်ကြားရာတွင် အထောက်အကူ ဖြစ်စေရန် ဂုဏ်ပြုချီးမြှင့်ထိုက်သူများကို အသိ အမှတ်ပြု ဂုဏ်ပြုချီးမြှင့်ရန်နှင့် နိုင်ငံ၏ကြီးမား သော အင်အားတစ်ရပ်အဖြစ် အနာဂတ်နိုင်ငံတော် တည်ဆောက်ရာ၌ အရေးကြီးသော ကဏ္ဍအသီးသီး တွင် ပါဝင်ကြရမည့် လူငယ်လူရွယ်များအား တတ်စွမ်း သမျှ အထောက်အပံ့ပေးခြင်းဖြစ်ပါကြောင်း၊ ပညာ ရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အခြေခံ အုတ်မြစ်ဖြစ်သကဲ့သို့ အသိပညာ၊ အတတ်ပညာရှင် များ၊ ကျွမ်းကျင်ပညာရှင်များရှိမှသာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် တည်ဆောက်ရာတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်သည့်အတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရန် ပညာရေးကို အဓိကဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ရခြင်းသည် ဝန်ထမ်း များ၏ သား သမီး၊ ကျောင်းသား ကျောင်းသူများ အတွက် ပညာရေးပိုင်းဆိုင်ရာ တိုးတက်မြင့်မားစေရန် နှင့် ပညာတတ် လူငယ်မောင်မယ်များဖြစ်ကြပြီး ကဏ္ဍ အသီးသီးတွင် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာ စေရန် ရည်ရွယ်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တပ်ဖွဲ့/ဦးစီး ဌာနများမှ သား သမီး သုံးဦး အနည်းဆုံးရှိပြီး တက္ကသိုလ် တက်ရောက်နေဆဲ ကျောင်းသား ကျောင်းသူရှိသည့် မိသားစုများကို ထောက်ပံ့ငွေ ပေးအပ်ပြီး ကျဆုံးတပ်ဖွဲ့ဝင်/ဝန်ထမ်းများကို ပြည်ထဲ ရေးဝန်ကြီးဌာန ပရဟိတအသင်းမှ ထောက်ပံ့မှု ဆောင်ရွက်ပေးရာတွင် တာဝန်ယူဆောင်ရွက်ပေး သည့် ရုံးအဖွဲ့နှင့် နိုင်ငံအဝန်းရှိ ဘုန်းတော်ကြီးကျောင်း ၂၂၅ ကျောင်းသို့ လစဉ်လှူဒါန်းနိုင်ရေး စီမံဆောင်ရွက် သည့် ရုံးအဖွဲ့ဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ခြောက်ဘာသာဂုဏ်ထူးရှင် လေးဦးနှင့် ငါးဘာသာ ဂုဏ်ထူးရှင် လေးဦးတို့ကို လည်းကောင်း၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် တိုးရီက ငါးဘာသာဂုဏ်ထူးရှင် ခုနစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် တစ်ဦးတို့ကို လည်း ကောင်း၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က လေးဘာသာဂုဏ်ထူးရှင် ရှစ်ဦးကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများက လေးဘာသာ ဂုဏ်ထူးရှင် လေးဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၆ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် သုံးဦး၊ တစ်ဘာသာ ဂုဏ်ထူး ရှင် ၁၁ ဦးတို့ကို လည်းကောင်း ပညာထူးချွန်ဆုများ ပေးအပ်ပြီး ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများ ကိုယ်စား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခြောက်ဘာသာ ဂုဏ်ထူးရှင် ကျောင်းသူ မသိမ့်နှင်းစံက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ အရာထမ်း၊ အမှု ထမ်းများ၏ သား သမီး၊ ကျောင်းသား ကျောင်းသူ များမှ ခြောက်ဘာသာဂုဏ်ထူးရှင် ငါးဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၁၄ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၂၁ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၆၁ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၇၇ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၂၀၅ ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၃၈၃ ဦး၊ ရိုးရိုးအောင်မြင်သူ ၆၈၇ ဦးနှင့် သား သမီး သုံးဦး အနည်းဆုံးရှိပြီး တက္ကသိုလ် တက်ရောက်နေဆဲ ကျောင်းသား ကျောင်းသူရှိသည့် မိသားစု ၂၃၂၅ ဦးတို့ကို ဒုတိယ အကြိမ် ပညာသင်ထောက်ပံ့ကြေးအဖြစ် ချီးမြှင့် ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်