ပြည်သူတို့၏လိုအပ်ချက်များကို တုံ့ပြန်ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ၏လက်ငင်းအကျိုးစီးပွားကို အစွမ်းကုန်ဆောင်ရွက်

နေပြည်တော်   ဇူလိုင်   ၁၇
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက် မြန်မာပြည်)တွင် အုပ်ချုပ်မှုစွမ်းရည် မြင့်မားရေးသင်တန်း၊ အမှတ်စဉ် (၇)၏ သင်တန်းဆင်းအခမ်းအနား ကို    ယနေ့နံနက်  ၇   နာရီတွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပ ရာ  ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးဆန်းမြင့်၊  နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ    တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော    ဧည့်သည် တော်များနှင့်     သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြ သည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က သင်တန်း ဆင်းအမှာစကား ပြောကြားရာ တွင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနသည် ပြည်သူကို ထိရောက်စွာ ဝန်ဆောင်မှုပေးရာတွင် အရေးကြီး သည့်     အခန်းကဏ္ဍမှ    ပါဝင် ဆောင်ရွက်လျက်ရှိသည့်အတွက် ပြည်သူကို    ဝန်ဆောင်မှုပေးရာ တွင် မိမိတို့၏ လုပ်ငန်းဆောင်ရွက် မှုများကို       ပွင့်လင်းမြင်သာစွာ အသိပေးဆောင်ရွက်ခြင်း၊ ပြည်သူ များ၏  အမြင်သဘောထားများကို ထည့်သွင်းစဉ်းစား    ဆောင်ရွက် ခြင်း၊ တာဝန်ခံမှု၊ တာဝန်ယူမှုများ ဖြင့် ဆောင်ရွက်ခြင်း၊ ပြည်သူကို ခွဲခြားဆက်ဆံခြင်း   ကင်းစွာဖြင့် အားလုံးပါဝင်  ဆောင်ရွက်ကြရန်၊ ပြည်သူတို့၏   လိုအပ်ချက်များကို တုံ့ပြန်ဖြည့်ဆည်း    ဆောင်ရွက် ပေးခြင်းဖြင့်  မိမိတို့၏   လုပ်ရည်၊ ကိုင်ရည်နှင့် စွမ်းရည်တို့ကို မြှင့်တင် ကာ   ပြည်သူများ၏    လက်ငင်း အကျိုးစီးပွားကို      ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့    အစွမ်းကုန် ဆောင်ရွက်ပြီး      ပြည်သူ့တို့၏ ယုံကြည်ကိုးစားမှု   ခံယူထိုက်သူ များဖြစ်အောင် ကြိုးစားဆောင်ရွက် သွားကြရန်  တိုက်တွန်းမှာကြားသည်။                                                        
အဆိုပါ သင်တန်းသို့ သင်တန်း သား ၁၁၂ ဦး၊ သင်တန်းသူ  ၁၃၄ ဦး စုစုပေါင်း ၂၄၆  ဦး တက်ရောက် ကြပြီး သင်တန်းကာလမှာ မေ ၆ ရက်မှ   ဇူလိုင် ၁၇ ရက်အထိဖြစ် ကြောင်း သိရှိရသည်။
သတင်းစဉ်