ပြည်သူတို့၏ဆန္ဒအမှန် (သို့မဟုတ်) Noleen Heyzer သို့ အိတ်ဖွင့်ပေးစာ

Type
77

 

မင်းခန့်

ကမ္ဘာ့ကုလသမဂ္ဂ   အထွေထွေအတွင်း ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စနိုလင်းဟေဇာဆီ ကို အိတ်ဖွင့်ပေးစာရေးတယ်ဆိုလို့ ဘယ်သူ များလည်းလို့ စိတ်ဝင်စားနေကြပါလိမ့် မယ်။ 

 


ကျွန်တော်က   ကိုယ့်နိုင်ငံ၊  ကိုယ့် လူမျိုးကို ချစ်မြတ်နိုးတဲ့ သာမန်ပြည်သူ တစ်ယောက်သာ  ဖြစ်ပါတယ်။   အထူး သဖြင့်   နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့      ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ပျက်စီးရာပျက်စီးကြောင်း တစ်ဖက်သတ်  စွပ်စွဲချက်တွေ၊ ဖိအားပေး မှုတွေကို လက်မခံနိုင်တဲ့ သာမန်ပြည်သူ တစ်ဦးဆိုရင် ပိုမှန်ပါလိမ့်မယ်။ သာမန် ပြည်သူတစ်ဦးအနေနဲ့    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့   အထူးကိုယ်စား လှယ်ဆီကို ဒီလိုအိတ်ဖွင့်စာပေးပို့ခြင်းကလည်း ဒီမိုကရေစီအခွင့်အရေးအရ မိမိရဲ့ထင်မြင်ယူဆချက်၊ ခံစားချက်တွေ ကို သက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်း တွေ သိရှိနိုင်အောင် ပေးပို့ရခြင်းဖြစ်ပါ တယ်။    ဒီစာကို    သက်ဆိုင်သူထံ ရောက်အောင် နည်းမျိုးစုံနဲ့ ပေးပို့ထားပြီး ဖြစ်သလို နိုင်ငံတကာနဲ့ အများပြည်သူ သိရှိနိုင်အောင် အခုလို ဆောင်းပါးရေးသား ဖော်ပြရခြင်းဖြစ်ပါတယ်။ 
ဒီအိတ်ဖွင့်ပေးစာမှာ ရေးသားထား တဲ့ အချက်တွေကတော့ ပြီးခဲ့တဲ့ မတ်လ ၁၆  ရက်နေ့က  နိုလင်းဟေဇာအနေနဲ့ ကုလသမဂ္ဂ   အထွေထွေညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တစ်ဖက်သတ် စွပ်စွဲပြောကြားချက်တွေကို    တုံ့ပြန် အသိပေးထောက်ပြလိုရင်း ဖြစ်ပါတယ်။ သက်ဆိုင်ရာ   နိုင်ငံခြားရေးဝန်ကြီးဌာန က    ဘယ်လိုတုံ့ပြန်ထားတယ်ဆိုတာ မသိပေမယ့် နိုလင်းဟေဇာရဲ့ ပြောကြား ချက်တွေဟာ တည်ဆဲအစိုးရကို ဆန့်ကျင် နေတဲ့   လူပုဂ္ဂိုလ်၊  အဖွဲ့အစည်းတွေရဲ့ လူမှုကွန်ရက်က    အခြေအမြစ်မရှိတဲ့ သတင်းအတု၊ သတင်းအမှားတွေ၊ ဝါဒ ဖြန့်မှုတွေ၊ ပေးပို့ချက်တွေကို အခြေခံပြီး သံယောင်လိုက် ပြောဆိုထားခြင်းဖြစ်တာ ကြောင့်  ယခုလို   အိတ်ဖွင့်ပေးစာပေးပို့ ရခြင်းဖြစ်ပါတယ်။

 


နိုလင်းဟေဇာက    မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာရယူလိုက်ခြင်း ကြောင့် အကြီးအကျယ် ပျက်စီးနေပြီလို့ ဆိုပါတယ်။ နိုလင်းဟေဇာ သိသင့်တာက မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ တပ်မတော်က အာဏာ ထိန်းလိုက်လို့ ဖြစ်ပေါ်လာတာမဟုတ်ဘဲ  NLD ပါတီမှ အကြမ်းဖက်မှုကို လိုလား သော       အစွန်းရောက်ပါတီဝင်အချို့နဲ့ ဖွဲ့စည်းထားတဲ့ NUG  အမည်ခံ အကြမ်း ဖက်အဖွဲ့ရဲ့        အလုံးစုံပျက်သုဉ်းရေး လမ်းစဉ်အရ သူတို့လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်း ဖက်တိုက်ခိုက်မှုတွေကြောင့်သာ     ဖြစ် တယ်ဆိုတာကို အသိပေးလိုပါတယ်။

 


တကယ်တော့ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ နိုင်ငံရေး ရည်မှန်းချက်ကို အကြမ်းဖက်နည်းလမ်း တွေသုံးပြီး    ရယူလိုကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စတင်ခဲ့တဲ့ ပဋိပက္ခဟာ   ရွေးကောက်ပွဲမသမာမှုနဲ့    နိုင်ငံရေး ပဋိပက္ခဖြစ်လို့ နိုင်ငံရေး နည်းလမ်းနဲ့သာ ဖြေရှင်းနိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ယခုအခါ မှာ NUG   အမည်ခံ   အကြမ်းဖက်အဖွဲ့ စတင်ပေါက်ဖွားလာတဲ့    NLD   အဖွဲ့ အတွင်းမှာတင် လက်နက်ကိုင်လမ်းစဉ် ကို မထောက်ခံတဲ့ အုပ်စုတွေရဲ့အသံတွေ     ကျယ်ကျယ်လောင်လောင်    ထွက်ပေါ်နေ ပါတယ်။ ပြည်ပြေး အကြမ်းဖက်အုပ်စု တွေက မြန်မာပြည်တွင်းက     အကြမ်း ဖက်လမ်းစဉ်ကို မထောက်ခံတဲ့ NLD တွေကို       ဖြုတ်/  ထုတ်/   သတ်လုပ်ဖို့ ကြိုးစားနေတဲ့   အချက်အလက်တွေ၊ အင်တာဗျူးတွေကို အလွယ်တကူ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

 


ဒါကြောင့် မြန်မာနိုင်ငံမှာ လက်ရှိဖြစ် ပွားနေတဲ့ ပဋိပက္ခတွေဟာ တပ်မတော် က အာဏာထိန်းလို့လား။ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့   အစွန်း ရောက်    အကြမ်းဖက်လမ်းစဉ်ကြောင့် လားဆိုတာ ရှင်းရှင်းလင်းလင်း တွေ့မြင် နိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း မှာ NUG အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ကြံသတ်ဖြတ်မယ့် “Hit List” ထဲမှာ ပါနေလို့  နိုင်ငံတကာ သံတမန်အသိုင်း အဝိုင်းကို အကူအညီတောင်းတဲ့    မြန်မာ နိုင်ငံ    ငြိမ်းချမ်းရေးကို   ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့သူတစ်ဦးရဲ့    စာကိုလည်း နိုလင်းဟေဇာ    မသိလိုက်ဖူးလားလို့ မေးရမလိုရှိပါတယ်။ ဒီ “Hit List” မှာ တပ်မတော်ကို ထောက်ပံ့ပေးနေတယ်လို့ NUG အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေ နဲ့ ယူဆထားတဲ့ စီးပွားရေးသမားတွေ၊ နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေ အပြင်  ငြိမ်းချမ်းရေးအတွက် ဆောင်ရွက် နေတဲ့ ပညာရှင်တွေပါ ပါဝင်နေကြောင်း၊ ပြည်သူ့ပါတီမှ ဦးကိုကိုကြီး၊   မွန်ညီညွတ် ရေးပါတီက ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌဟောင်း ဒေါက်တာအောင်နိုင်ဦးနဲ့  ပါတီဝင်တွေကိုလည်း   အကြိမ်ပေါင်း များစွာ အကြမ်းဖက်ခြိမ်းခြောက်မှုတွေ   ပြုလုပ်ခံနေရကြောင်း၊ NUG နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ၆၀ ကျော်နဲ့ အွန်လိုင်းတွေ့ဆုံပွဲလုပ်နေတဲ့ အထောက် အထားဓာတ်ပုံကိုပါ   တွဲဖက်ပြီးပေးပို့ ပါကြောင်း စသဖြင့်ဖော်ထုတ်ရေးသား ထားပြီး   နိုင်ငံတကာသံတမန်အသိုင်း အဝိုင်းကို အကူအညီတောင်းခံခဲ့တာကို တွေ့ရပါတယ်။  NUG ၊ PDF  အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ သူတို့ကို မထောက်ခံတဲ့ ပြည်သူတိုင်းကို ရန်သူလို့ သတ်မှတ်ပြီး        အကြောင်းမဲ့ရန်ရှာ သတ်ဖြတ်နေကြတယ်ဆိုတာ အလွယ် တကူ သိရှိနိုင်ပါတယ်။ သူတို့ရဲ့သတ်ဖြတ် မှုတွေကြောင့်     သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်များက အကောင်းဆုံးသက်သေ အဖြစ် ရှိနေပါတယ်။

 


နောက်တစ်ချက်အနေနဲ့   နိုလင်း ဟေဇာက   မြန်မာ့တပ်မတော်ဟာ  သူ့ရဲ့ အာဏာကို ချုပ်ကိုင်နိုင်ဖို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ်ဆောင် ရွက်နေတယ်လို့     စွပ်စွဲထားပါတယ်။ မြန်မာနိုင်ငံမှာ   တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ     အားလုံးဟာ PDF  အမည်ခံ   အကြမ်းဖက်အဖွဲ့တွေ နဲ့   တိုင်းရင်းသားလက်နက်ကိုင်တချို့   ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေကို တရားဥပဒေနဲ့အညီ   ကာကွယ် ပေးနေရတာသာ  ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိပါတယ်။ ခုအချိန်ထိ တစ်နိုင်ငံလုံး   စစ်အုပ်ချုပ်ရေး ကြေညာထားတာမဟုတ်ဘဲ        PDF အမည်ခံ အကြမ်းဖက်အဖွဲ့နဲ့     တိုင်းရင်း သားလက်နက်ကိုင်တွေ  ထကြွသောင်း ကျန်းတဲ့    မြို့နယ်   ၄၇ မြို့နယ်ကိုသာ စစ်အုပ်ချုပ်ရေးကြေညာပြီး     အကန့် အသတ်နဲ့ ဆောင်ရွက်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။

 


NUG အမည်ခံ အကြမ်းဖက်အဖွဲ့က ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှ စပြီး D-Day အမည်ခံပြီး     အကြမ်းဖက် လုပ်ရပ်များ အရှိန်မြှင့်တင်ဖို့   လှုံ့ဆော်ခဲ့ ကြတာ   ကမ္ဘာသိ ဖြစ်ပါတယ်။  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်  ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ NUG ၊ PDF  အမည်ခံ  အကြမ်းဖက် အဖွဲ့များရဲ့   တိုက်ခိုက်မှုနဲ့   ဒလန်လို့ စွပ်စွဲပြီး        အကြမ်းဖက်သတ်ဖြတ်မှု ကြောင့် လက်နက်မရှိတဲ့ အပြစ်မဲ့ပြည်သူ ၄၉၅၇  ဦး  သေဆုံးခဲ့ပါတယ်။ ရဟန်း၊ သံဃာတော် အပါး ၇၀ နဲ့ သီလရှင်နှစ်ပါး ပျံလွန်တော်မူခဲ့ရပြီး    အစိုးရဝန်ထမ်း များ ၂၃၄  ဦး၊   အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနဲ့  သက်ဆိုင်ရာဝန်ထမ်း ၆၁၇ ဦး သေဆုံးခဲ့ပါတယ်။ ကျန်းမာရေး ဝန်ထမ်း  ၁၄  ဦး၊    ဆရာ/ဆရာမများ အပါအဝင် ပညာရေးဝန်ထမ်း  ၆၇ ဦး သေဆုံးခဲ့ရပြီး စာသင်ကျောင်းနဲ့ ပညာရေး အဆောက်အဦများအား       ဗုံးခွဲမီးရှို့ ဖျက်ဆီးခံရမှုဖြစ်စဉ်ပေါင်း     ၆၄၈   ခု ရှိပါတယ်။     ဒီလိုနေ့စဉ်နဲ့အမျှ     အများ ပြည်သူနဲ့     သက်ဆိုင်တဲ့    နေရာများကို အကြမ်းဖက်တိုက်ခိုက်မှု     ဖြစ်စဉ်ပေါင်း ၁၅၄၅၂ ကြိမ် ရှိခဲ့ပြီဖြစ်ပါတယ်။

 


ဒီအချက်အလက်တွေကို နိုင်ငံတကာ သံရုံး/စစ်သံရုံးတွေ၊ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေဆီကို    အမြဲပေးပို့နေ ကြောင်း သိရလို့ ဒီအကြောင်းအရာတွေ ကို နိုလင်းဟေဇာ မသိတာမဖြစ်နိုင်ပါဘူး။ မသိချင်ဟန်ဆောင်တာပဲ   ဖြစ်ပါလိမ့် မယ်။   အစိုးရဆန့်ကျင်ရေး  လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက   မြေပြင်သတင်း အချက်အလက်အမှန်တွေကို မီဒီယာ အား၊ နည်းပညာအားနဲ့ နည်းလမ်းမျိုးစုံ အသုံးပြုပြီး       ပိတ်ဆို့ထားကြပေမယ့် လက်ရှိပကတိ  ဖြစ်ပေါ်တိုးတက်နေတဲ့ မှန်ကန်တဲ့ သတင်းတွေရနိုင်တဲ့ www.infosheet.org    ကဲ့သို့သော   သတင်း စာမျက်နှာတွေ   ရှိပါတယ်။   မြန်မာ၊ အင်္ဂလိပ်၊ ရုရှား၊ တရုတ် ဘာသာစကား လေးမျိုးနဲ့ ဖတ်ရှုနိုင်တာ တွေ့ရပါတယ်။ အနောက်အုပ်စု လက်ဝေခံမီဒီယာတွေနဲ့ အကြမ်းဖက်အုပ်စုရဲ့    ဝါဒဖြန့်သတင်း တွေမှာပဲ လမ်းဆုံးမနေဖို့ နိုလင်းဟေဇာ ကို    တိုက်တွန်းလိုပါတယ်။  တာဝန် ကြီးကြီးမားမားယူထားသူ     ပညာရှင် တစ်ယောက်အနေနဲ့    နှစ်ဖက်သတင်း ကို   မျှတစွာနားထောင်တတ်ဖို့ဆိုတာ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ 

 


အထူးသဖြင့် မြေပြင်အခြေအနေကို မသိဘဲ အဆင်အခြင်မဲ့ပြောကြားချက်က ရှမ်းပြည်နယ်         ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာမှာ    ပြည်သူ    ၂၈  ဦးကို တပ်မတော်က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ တင်ပြချက်တစ်ခု ရရှိထားတယ်ဆိုသော ပြောကြားချက်ဖြစ်ပါတယ်။        ဒီလို အနောက်အုပ်စု          မီဒီယာတွေက တပ်မတော်ရဲ့ ပုံရိပ်ထိခိုက်အောင် ပုံဖျက် ထားတဲ့ မဟုတ်မမှန်သတင်းဟာ ပအိုဝ်း ပြည်သူတစ်ရပ်လုံးက KNDF/KNPP  နဲ့  PDF  အမည်ခံ အကြမ်းဖက်အဖွဲ့တွေ သတ်တာပါလို့ ကွင်းလုံးပြည့် ဆန္ဒဖော် ထုတ်ပွဲကြောင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရပြီးပြီ ဖြစ်ပါတယ်။ ဒီလိုမဟုတ် မမှန် စွပ်စွဲချက်တစ်ခုကို နိုလင်းဟေဇာ က ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ   ကိုးကားသွားတော့ မြေပြင်အခြေအနေ မှန်တွေနဲ့   ဘယ်လောက်ကင်းကွာနေတဲ့   ပြောကြားချက်တွေ    ဖြစ်တယ်ဆိုတာ   အလွယ်တကူသိရှိနိုင်ပါတယ်။    ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်    နိုလင်းဟေဇာအနေနဲ့   NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ ဝါဒ ဖြန့်ချိရေးယန္တရားရဲ့ အသုံးချခံ လက်ကိုင် တုတ်ဖြစ်နေတာ အလွန်ရှက်စရာကောင်း ပါတယ်။
မြန်မာနိုင်ငံမှာ ကလေးသူငယ်များ ပါမချန် အစုလိုက်အပြုံလိုက် လူသတ် နေကြတာ PDF အမည်ခံ အကြမ်းဖက် အဖွဲ့တွေ   ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်    ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်  ဇန်နဝါရီလ အထိ NUG ၊ PDF အမည်ခံ အကြမ်းဖက် အဖွဲ့တွေ ကျူးလွန်ထားတဲ့      မိသားစုဝင် ဦးရေ သုံးဦးနှင့်အထက် အစုလိုက်အပြုံ လိုက် သတ်ဖြတ်ခံရသော ဖြစ်စဉ်ပေါင်း ၇၆ ခု ရှိပြီး၊ အပြစ်မဲ့ပြည်သူပေါင်း  ၃၄၅  ဦး သေဆုံးခဲ့ပြီး ၇၃ ဦး   ဒဏ်ရာရရှိခဲ့ ပါတယ်။ အချို့အသတ်ခံရသူများထဲမှာ   အရွယ်မရောက်သေးသူ   ကလေးငယ်များ ပါဝင်နေတာ တွေ့ရပါတယ်။ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေသတ်လို့ သေဆုံးခဲ့ရတဲ့  ကလေးသူငယ်   အရေ အတွက် ၁၄၃ ဦး ရှိပြီဖြစ်ပြီး ဒဏ်ရာရရှိ ခဲ့တဲ့   အရေအတွက်   ၃၉၂ ဦး    ရှိပြီ ဖြစ်ပါတယ်။       စာရင်းဇယားတွေအရ စစ်ကိုင်းတိုင်းဒေသကြီးက    ကလေး သူငယ်တွေဟာ      အကြမ်းဖက်ခံရမှု ကြောင့်   သေဆုံးသူအများဆုံးဖြစ်ပြီး မကွေးတိုင်းဒေသကြီးက       ဒုတိယ အများဆုံး ဖြစ်ပါတယ်။ သေဆုံးခဲ့ကြရတဲ့ ကလေးငယ်အများစုဟာ       နိုင်ငံရေး အရောင်အသွေးမတူတဲ့အတွက်   ဒလန် မိသားစုဆိုပြီး     စွပ်စွဲသတ်ဖြတ်လို့၊ အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ လက်လုပ်မိုင်းတွေ  ပေါက်ကွဲလို့၊  PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ လက်နက် စမ်းသပ်ရင်း ကျေးရွာတွေထဲကို ရမ်းသန်း ပစ်ခတ်လို့၊ ကျေးရွာမီးရှို့လို့၊ ဒရုန်းတွေမှာ ဗုံးသီးတွေချိတ်ပြီး ထိချင်ရာထိပစ်ချလို့ သေဆုံးခဲ့ကြရတာ အများစုဖြစ်ပြီး  PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေ အကြမ်း ဖက်မှု ဆောင်ရွက်ဖို့  အရွယ်မရောက်သေး တဲ့ ကလေးသူငယ်တွေကို ဓားစာခံအဖြစ် အသုံးချတဲ့အတွက်    သေဆုံးခဲ့ကြရတဲ့ ဖြစ်စဉ်များလည်း ပါဝင်နေပါတယ်။

 


ဒီဖြစ်စဉ်တွေအားလုံးဟာ တပ်မတော် က     ဝါဒဖြန့်လုပ်ကြံရေးသားထားတဲ့ ဖြစ်စဉ် တွေ မဟုတ်ဘဲ CRPH ၊ NUG ၊ PDF   အမည်ခံ  အကြမ်းဖက်အဖွဲ့တွေ ကျူးလွန်နေကြတယ်ဆိုတာ      မြန်မာ ပြည်သူတွေအားလုံး သက်သေရှိပါတယ်။ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ တွေကိုယ်တိုင်လည်း ဒီလိုအကြမ်းဖက်မှု၊      ရာဇဝတ်မှုတွေကို    သူတို့ရဲ့    မဟာ အောင်မြင်မှုကြီးတွေအဖြစ်၊  တော်လှန် ရေးလှုပ်ရှားမှုအဖြစ် ထုတ်ဖော်ဂုဏ်ဆာ နေကြတဲ့  အထောက်အထားတွေ  မရေ မတွက်နိုင်အောင် ရှိပါတယ်။   ဒီလို အကြမ်းဖက်မှုတွေကို   မျက်ကွယ်ပြု၊ မသိချင်ယောင်ဆောင်နေပြီး    အစိုးရ ဘက်က  တရားဥပဒေအရ   အရေးယူ ဆောင်ရွက်နေတာကို   တစ်ဖက်သတ်   ဖိအားပေးနေတာက နိုင်ငံရေး၊ သံတမန် ရေး     ဘက်လိုက်မှုရှိနေတယ်ဆိုတာ   သိသာလွန်းအားကြီးပါတယ်။    NUG ၊ PDF  အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကို    သွယ်ဝိုက်ပြီး  အားပေးထောက်ခံရာလည်း ရောက်နေ လို့     ငြိမ်းချမ်းစွာ နေထိုင်လိုတဲ့    သာမန် ပြည်သူတွေ ဘယ်လိုမှ လက်ခံလို့မရနိုင် ဘူးဆိုတာကို သိစေချင်ပါတယ်။

 


နိုလင်းဟေဇာက    မြန်မာနိုင်ငံရဲ့ ပြီးခဲ့တဲ့    နိုင်ငံရေးပွင့်လင်းလာမှုကြောင့် အသီးအပွင့်ခံစားခဲ့ရတဲ့ လူငယ်အများစု ဟာ ယခုအခက်အခဲတွေနဲ့ အခြေအနေ တွေကို   စိတ်ပျက်ပြီး   လက်နက်ကိုင် တိုက်ပွဲဝင်ဖို့အပြင် အခြားမရှိတော့ဘူးလို့ ခံစားနေရတယ်လို့     ဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ NLD အစွန်းရောက်တွေနဲ့ NUG   အမည်ခံ   အကြမ်းဖက်အဖွဲ့ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် အကြမ်းဖက် သမား ဖြစ်သွားရတဲ့   PDF    အမည်ခံ အကြမ်းဖက် လူငယ်တွေ  လက်တစ်ဆုပ် စာတောင်   မပြည့်ပါဘူး။   မြန်မာနိုင်ငံ ရဲ့    အခြေအနေမှန်ကို         နားလည် သဘောပေါက်ပြီး   ငြိမ်းချမ်းစွာ ပညာ သင်ကြားနေတဲ့ လူငယ်ထုကြီးက နိုလင်း ဟေဇာရဲ့စကားကို ပြက်ရယ်ပြု နေကြပါ တယ်။ လူငယ်သဘာဝ စွန့်စားလိုစိတ်ကို     နိုင်ငံရေးမှိုင်းတိုက်ခံရပြီး လမ်းမှားလိုက် မိလို့ တောထဲရောက်ပြီး ဘဝပျက်နေရတဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ လူငယ် လေးတွေကိုယ်တိုင်  ရင်ဖွင့်ပြောဆိုချက် တွေအရ NUG အမည်ခံ အကြမ်းဖက်အဖွဲ့ ရဲ့  တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့ပုံတွေ ကို   နိုင်ငံတကာကလည်း ကြားသိကြမယ် လို့ ယုံကြည်ပါတယ်။

 


မြန်မာနိုင်ငံမှာ    လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့    ဒေသတချို့မှာ ပြည်သူတွေ     ဒုက္ခရောက်နေကြတာက တပ်မတော်က ဖြတ်လေးဖြတ် ဆောင်ရွက် နေလို့   မဟုတ်ပါဘူး။   PDF   အမည်ခံ အကြမ်းဖက်အဖွဲ့တွေ ရွာမီးရှို့၊ လူသတ်၊    ပြန်ပေးဆွဲနေကြလို့ ဒုက္ခရောက်နေရတာ ဖြစ်ပါတယ်။ ဒီလိုနေရာတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ လိုအပ်သလောက်    အင်အားသုံးပြီး   ကာကွယ်ရုံမှတစ်ပါး    အခြားမရှိဘူးဆိုတာ     စဉ်းစားတတ် သူတိုင်း  သိကြပါတယ်။ နိုလင်းဟေဇာက NUG အမည်ခံ အကြမ်းဖက်အဖွဲ့အနေနဲ့ PDF  အမည်ခံ အကြမ်းဖက်အဖွဲ့တွေကို လူသားမဆန်တဲ့ သတ်ဖြတ်မှုတွေ မကျူး လွန်ကြဖို့   သတိပေးထားတယ်ဆိုပြီး နိုင်ငံရေး၊   သံတမန်ရေးအရ    ကာကွယ် ပြောဆိုသွားတာကို   တွေ့ရပါတယ်။ တကယ်တမ်းလက်တွေ့မှာ        NUG အမည်ခံ အကြမ်းဖက်အဖွဲ့က   အကြမ်း ဖက်မှုတွေကို   ဦးဆောင်နေတာဖြစ်ပါ တယ်။  ဒါကြောင့်  နိုလင်းဟေဇာရဲ့   ဒီလို ပြောကြားချက်တွေက     အကြမ်းဖက် သမားတွေကို    အားပေးထောက်ခံရာ ရောက်နေပါတယ်။   PDF    အမည်ခံ အကြမ်းဖက်အဖွဲ့တွေ     အကြမ်းဖက် လူသတ်နေတာ NUG  အမည်ခံ အကြမ်း ဖက်အဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ကျူးလွန် နေကြတယ်ဆိုတာကို သိသိကြီးနဲ့  ဒီလို ကာကွယ်ပြောဆိုသွားတာဟာ   အလွန်ပဲ  ရုပ်ပျက်ဆင်းပျက်နိုင်လှပါတယ်။
ကုလသမဂ္ဂရဲ့   မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်   တစ်ဦးအနေနဲ့ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ဓမ္မဓိဋ္ဌာန် ကျကျ  သုံးသပ်ဖော်ထုတ်ရမှာ ဖြစ်ပါ တယ်။   သို့ပေမယ့်    ထောက်ပံ့ကြေး ပေးထားတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ အလိုကျ ဘက်လိုက်ပြောဆိုနေတာတွေ၊ မဟုတ်မမှန် ကိုးကားချက်တွေက မြန်မာ ပြည်သူတွေရဲ့ ဆန္ဒအမှန်နဲ့ ကင်းကွာနေ တယ်ဆိုတာကို တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့      မြန်မာပြည်သူတွေရဲ့ ကိုယ်စား မခံမရပ်နိုင်ဖြစ်လွန်းလို့ တုံ့ပြန် ပြောကြားရခြင်းဖြစ်ပါတယ်။ 

 


အမိနိုင်ငံကို     စွန့်ခွာထွက်ပြေးပြီး အဝေးကနေ    အလုံးစုံပျက်သုဉ်းရေး လမ်းစဉ်နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွား ကို ဖျက်ဆီးနေသူတွေရဲ့ ပြောဆိုလုပ်ကိုင် မှုတွေဟာ     မြန်မာပြည်သူလူထုကို ကိုယ်စားမပြုပါဘူး။   ပြည်သူလူထုရဲ့ ဆန္ဒအမှန်လည်း   မဟုတ်ပါဘူး။   နိုင်ငံ တစ်နိုင်ငံဟာ မည်သည့်နိုင်ငံရေးစနစ်ကို လျှောက်လှမ်းသည်ဖြစ်စေ      နိုင်ငံ တည်ငြိမ်အေးချမ်းမှုရှိမှသာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူတွေရဲ့ လူနေမှု ဘဝတွေ မြင့်မားတိုးတက်မှာ ဖြစ်ပါတယ်။

 


ဒီနေ့မြန်မာနိုင်ငံရေးဖြစ်စဉ်တွေအရ ပြည်တွင်းမှာရှိနေတဲ့ ပြည်သူအများစုက CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့တွေရဲ့        အကြမ်းဖက်မှုတွေ၊ အပြစ်မဲ့ပြည်သူတွေကို   လုပ်ကြံသတ် ဖြတ်နေတာတွေကို  ရွံရှာမုန်းတီးနေပြီ ဖြစ်ပါတယ်။     တည်ငြိမ်အေးချမ်းပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝတွေကို ပိုင်ဆိုင်ရရှိဖို့ အကြမ်းဖက်လုပ်ရပ်တွေ လျော့နည်းပပျောက်စေချင်တာ ပြည်သူ တွေရဲ့ ဆန္ဒအမှန်ဖြစ်ပါတယ်။ မြန်မာ ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို     ဖြည့်ဆည်း ပေးချင်တယ်ဆိုရင် နိုလင်းဟေဇာအပါ အဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့    ရွေးကောက်ပွဲ အမြန်ကျင်းပနိုင်အောင်၊    ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက် နိုင်အောင် အပြုသဘောဆောင် ပူးပေါင်း ဆောင်ရွက်ပေးစေချင်ပါတယ်။ တစ်ဖက် သတ် အပြစ်ဖို့ခြင်း၊ ဖိအားပေးခြင်းနဲ့ တော့ လမ်းကြောင်းမှန်ပေါ်    ရောက်လာ မှာ မဟုတ်ပါဘူး။

 


ဒါ့ကြောင့်   အထက်ပါအကြောင်း အရာများဟာ မိမိနိုင်ငံနဲ့ လူမျိုးအကျိုး စီးပွားကို ပျက်စီးစေဖို့ ရည်ရွယ်ပြောဆို ချက်တွေကို လက်မခံနိုင်တဲ့၊ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်အေးချမ်းရေးကို   လိုလားတဲ့ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေရဲ့ဆန္ဒ အစစ်အမှန်တွေ ဖြစ်တယ်ဆိုတဲ့အကြောင်း နိုလင်းဟေဇာနဲ့တကွ နိုင်ငံတကာကသိရှိ အောင် ဒီအိတ်ဖွင့်ပေးစာကနေတစ်ဆင့် သတင်းစကားပါးလိုက်ရပါတယ်။


(ဤဆောင်းပါးသည် ဆောင်းပါး ရှင်၏    အာဘော်သာဖြစ်ကြောင်း  ဖော်ပြအပ်ပါသည်။)