
၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းအား ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ပြည်သူများ စိတ်ပါဝင်စား စွာ ပူးပေါင်းပါဝင်နိုင်ရေးအတွက် လူထုအသိပညာပေး Bill board စိုက်ထူခြင်း အခမ်းအနားများကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့များ၌ ဇွန် ၁၅ ရက် နံနက်ပိုင်းက တစ်ပြိုင် နက်တည်း ကျင်းပပြုလုပ်ခဲ့ရာ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းများနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး၊ တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသိန်းနှင့် တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
မေး ။ ။ ၂ဝ၂၄ ခုနှစ်၊ လူဦးရေ နှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကောက် ယူရေးလုပ်ငန်းရဲ့ ရည်ရွယ်ချက် ကို သိပါရစေ။
ဖြေ ။ ။ လူဦးရေနှင့် အိမ် အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းအား ဖြင့် နိုင်ငံတော်ရဲ့လူမှုရေး၊ စီးပွား ရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်တွေ အတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ခြင်းလုပ်ငန်းတွေ ဆောင်ရွက် ရာမှာ အခြေခံထားရမယ့် လူဦးရေ ဆိုင်ရာကိန်းဂဏန်း အချက် အလက်တွေကိုရရှိဖို့ ဖြစ်ပါတယ်။
မေး ။ ။ လူဦးရေနှင့် အိမ် အကြောင်းအရာ သန်း ခေါင်စာရင်း ကောက်ယူမယ့် ကာလနဲ့ ရည်ညွှန်းချိန်ကိုလည်း သိပါရစေ။
ဖြေ ။ ။ ၂၀၂၄ ခုနှစ် အောက်တို ဘာလ ၁ ရက်နေ့က နေ ၁၅ ရက်နေ့အထိ သန်းခေါင် စာရင်းကောက်ယူမှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်း ရည်ညွှန်းချိန်က ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညဉ့်သန်းခေါင်ယံအချိန် ဖြစ်ပါတယ်။
မေး ။ ။ လူဦးရေနှင့် အိမ်အကြောင်းအရာသန်း ခေါင်စာရင်း ကောက်ယူရာမှာ ထည့်သွင်းစာရင်းကောက်ယူမယ့် သူတွေနဲ့ စာရင်းထည့်သွင်း မကောက်ရမယ့်သူတွေကိုလည်း သိချင်ပါတယ်။
ဖြေ ။ ။ မြန်မာနိုင်ငံ နယ်နိ မိတ်အတွင်းရှိ နေထိုင် သူများအား စာရင်းကောက်ယူမှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်း ရည်ညွှန်းချိန် ၂၀၂၄ ခုနှစ် စက်တင် ဘာလ ၃၀ ရက်နေ့ ညဉ့်သန်းခေါင် ယံကျော်လွန်ပြီးမှ သေဆုံးသူတွေ၊ နိုင်ငံခြားကိုရောက်ရှိနေတဲ့ မြန်မာ သံရုံးဝန်ထမ်းတွေကို စာရင်း ကောက်ယူမှာ ဖြစ်ပါတယ်။ သန်း ခေါင်စာရင်း ထည့်မကောက်ရ မယ့်သူတွေကတော့ မြန်မာနိုင်ငံ အခြေစိုက်သံရုံးတွေနဲ့ ကောင်စစ် ဝန်ရုံးတွေမှာ တာဝန်ထမ်းဆောင် နေတဲ့ နိုင်ငံခြားသားသံတမန်တွေ နဲ့ မိသားစုဝင်တွေ၊ သန်းခေါင် စာရင်းရည်ညွှန်းချိန် ၂၀၂၄ ခုနှစ်၊ စက်တာဘာလ ၃၀ ရက်နေ့ ညဉ့် သန်းခေါင်ယံ ကျော်လွန်ပြီးမှ မွေးဖွားသူတွေ ဖြစ်ပါတယ်။
မေး ။ ။ ပြည်သူတွေအနေနဲ့ စာရင်းကောက်တွေ က မေးမြန်းတဲ့ မေးခွန်းတွေကို မှန်ကန်စွာ ဖြေကြားပေးခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိ နိုင်ပါသလဲ။
ဖြေ ။ ။ ပြည်သူတွေ အနေနဲ့ မေးခွန်းတွေကို မှန်ကန်စွာဖြေကြားပေးခြင်းအားဖြင့် ပညာရေးအတွက် လိုအပ်တဲ့ စာသင်ကျောင်း အရေအတွက်၊ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးရုံ၊ ဆေးခန်း၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရမယ့် အခြေအနေ၊ ရေပေးဝေမှုစနစ်၊ လျှပ်စစ်ဓာတ်အား ဖြန့်ဝေရမယ့် ပမာဏတွေကို တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။ လူမှုစောင့်ရှောက် ရေးလုပ်ငန်းတွေဖြစ်တဲ့ မသန် စွမ်းမှု၊ သက်ကြီးရွယ်အိုစောင့် ရှောက်ရေး၊ ကိုယ်ဝန်ဆောင်မိခင် နဲ့ ကလေးသူငယ်စောင့်ရှောက် ရေးလုပ်ငန်းတွေကိုလည်း ဆောင် ရွက်နိုင်မှာ ဖြစ်ပါတယ်။ လူမှု အခြေခံ အဆောက်အအုံတွေ ဖြစ်တဲ့ လမ်း၊ တံတား၊ အိမ်ရာများ ကိုလည်း တွက်ချက်နိုင်မှာ ဖြစ်ပါ တယ်။ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာ အထောက်အကူဖြစ်မှာ ဖြစ်ပါ တယ်။
မေး ။ ။ ဆရာ့အနေနဲ့ ပြည်သူ တွေကို အသိပေးလို တဲ့အချက်တွေ ရှိရင်လည်း ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ။ ပြည်သူတွေကို အသိ ပေးလိုတာကတော့ သန်းခေါင်စာရင်း ကောက်ယူ ခြင်းဟာ အိမ်ထောင်စုစာရင်း ရှိခြင်း မရှိခြင်း၊ နိုင်ငံသားဖြစ်ခြင်း/မဖြစ်ခြင်း၊ တိုင်းရင်းသားဖြစ်ခြင်း/မဖြစ်ခြင်းနဲ့ မသက်ဆိုင်ပါ။ ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ အခွန် ကောက်ခြင်း၊ အရေးယူခြင်းလုံးဝ (လုံးဝ) ပြုလုပ်မှာ မဟုတ်ပါ။
နိုင်ငံခြားကို ရောက်ရှိနေ တဲ့ အိမ်ထောင်စုဝင်များအတွက် လည်း စိုးရိမ်ရန်မလိုပါ။ ဘာမှ အရေးယူမှာ မဟုတ်ပါကြောင်း ပြောလိုပါတယ်။ ပြည်သူတွေ အနေနဲ့ စာရင်းကောက်တွေက မေးမြန်းတဲ့ မေးခွန်းတွေကို မှန်ကန်ပြည့်စုံစွာဖြေဆိုခြင်းဖြင့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းမှာ ပူးပေါင်းပါဝင်ဆောင် ရွက်ကြပါလို့ တိုက်တွန်းအပ်ပါ တယ်။
တွေ့ဆုံမေးမြန်း -ဒေါ်ချိုမာထွန်း (ဦးစီးအရာရှိ)
ခရိုင် (ပြန်/ဆက်)