
၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းထားခဲ့သော ပြည်သူ့စစ်မှု ထမ်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ)အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင် အာဏာတည်ကြောင်းသတ်မှတ်သည့် အမိန့်ကြော်ငြာစာကို (၁၀-၂-၂၀၂၄) ရက်စွဲ ဖြင့် ထုတ်ပြန်ခဲ့ပါသည်။
ယခုအခါ အဆိုပါထုတ်ပြန်ချက်အပေါ် မီဒီယာအချို့နှင့် လူမှုကွန်ရက် စာမျက်နှာအချို့တို့တွင် ပြည်သူများ၏ ပြည်ပထွက်ခွာခွင့်များနှင့်ပတ်သက်၍ တားဆီးပိတ်ပင်နေသည်ဆိုသည့် ကောလာဟလသတင်းအမှားများ ထွက်ပေါ် လျက်ရှိပါသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ပြည်သူများ၏ ပြည်ပထွက်ခွာခွင့်များအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ ကန့်သတ်ချက်များ ထုတ်ပြန်စိစစ်တားဆီးခြင်းမရှိဘဲ အပြည်ပြည်ဆိုင်ရာလေဆိပ်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ် များအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော နယ်စပ်ဝင်/ ထွက်ဂိတ်များမှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝင်ထွက်ခွင့်ပြုခြင်းများ ကို ယခင်အတိုင်း ဥပဒေနှင့်အညီ စနစ်တကျ ဝင်/ထွက်ခွင့်ပြု ဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် ပြည်ပထွက်ခွာခွင့်များနှင့်ပတ်သက်၍ မည်သည့်ညွှန်ကြားချက်မျှ သီးခြားထုတ်ပြန်ဆောင်ရွက်ထားခြင်းမရှိပါကြောင်း အသိပေးကြေညာအပ်ပါ သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန