ပြည်သူသို့ မေတ္တာရပ်ခံချက်

၁။    ဒီမိုကရေစီကျင့်စဉ်အရ လူတိုင်းမှာ လွတ်လပ်စွာပြောဆိုခွင့်၊ လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်ရှိကြပါသည်။ ထိုလွတ်လပ်မှုသည် သူတစ်ပါးအား မထိပါးစေရပါ။ မိမိနှင့် သဘောထားအယူအဆ မတူသူကိုလည်း ကွဲလွဲခွင့်ပေးရပါသည်။ မတားဆီးရ၊ မထိပါးရပါ။ သို့ရာတွင် ယခုအခါ ဒီမိုကရေစီ လူ့အခွင့်အရေးကို အကြောင်းအမျိုးမျိုးပြကာ    အခြားသူများအား    အုပ်စုဖွဲ့အတင်းအကျပ်ပြုခြင်း၊    နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းများအထိ  ဥပဒေကိုချိုးဖောက်မှုအချို့  ရှိလာခဲ့ပါသည်။ စည်းကမ်းမရှိလျှင် ဒီမိုကရေစီ ပျက်စီးနိုင်ပါသည်။ 
၂။    နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု ဘေးကင်း လုံခြုံရေး၊  တရားဥပဒေစိုးမိုးရေးတို့ကို   နှောင့်ယှက်၊ တားဆီး၊ ဖျက်ဆီးသော   ကျူးလွန်မှုများကို   ထိရောက်ဟန့်တားမည့် ဆောင်ရွက်ချက်များဖြင့်  ဥပဒေနှင့်အညီ  အရေးယူဆောင်ရွက်ကြရပါမည်။ 
၃။    တရားမျှတခြင်း၊  လွတ်လပ်ခြင်း၊  တန်းတူညီမျှခြင်း၊  အေးချမ်းလုံခြုံခြင်းကို လိုလားကြသည့် ကျွန်ုပ်တို့ ပြည်သူတစ်ရပ်လုံးက ဥပဒေမဲ့ကျူးလွန်သူများကို လက်မခံကြရုံသာမက နိုင်ငံလူမျိုးအကျိုး အတွက် ပူးပေါင်းလက်တွဲကာ တားဆီးပယ်ရှားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။