ပြည်သူများပျော်ရွှင်မှုရရှိစေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် “အဉ္ဇလီအငြိမ့်” တင်ဆက်ပြသမည်

နေပြည်တော် စက်တင်ဘာ ၂၇


ပြန်ကြားရေး     ဝန်ကြီးဌာန   ပြည်ထောင်စု       ဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယ ဝန်ကြီး ဦးရဲတင့်နှင့်အတူ  ယနေ့ ညနေပိုင်းက    နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်  သံကြားရှိ MRTV စိန်ရတုပြတိုက် တည်ဆောက်ရေး  လုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး MRTV ဝန်ထမ်း များက တင်ဆက်ပြသမည့် အဉ္ဇလီ အငြိမ့်  ရိုက်ကူးရေးဆောင်ရွက် နေမှုအား ကြည့်ရှုအားပေးသည်။


ရှင်းလင်းတင်ပြ


ပြည်ထောင်စုဝန်ကြီးနှင့်   အဖွဲ့ သည်  MRTV  စိန်ရတုပြတိုက် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  ညွှန်ကြားရေးမှူး ချုပ်     ဦးရဲနိုင်နှင့်   တာဝန်ရှိသူ များက   ပြတိုက်အဆောက်အအုံ  ဆောက်လုပ်ပြီးစီးမှု  အခြေအနေ အားလည်းကောင်း၊  ပြတိုက်တွင်  ခင်းကျင်းပြသရန်  လျာထားမှုအား လည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက   မြန်မာ့ အသံနှင့်    ရုပ်မြင်သံကြားသည် သမိုင်းအစဉ်အလာ ကြီးမားသော  ဌာနကြီးတစ်ခု ဖြစ်သည်နှင့်အညီ ခေတ်အဆက်ဆက်တွင်   သမိုင်း ပေးတာဝန်ကို          ကျေပွန်စွာ ထမ်းဆောင်ခဲ့မှု၊   နိုင်ငံတော်နှင့် ပြည်သူအတွက်  အားကိုးရသော ဝန်ဆောင်မှုပေးခြင်းတို့ကို ပေါ်လွင် အောင်   ခင်းကျင်းပြသနိုင်ရေး စနစ်တကျဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်  မှာကြားသည်။


မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  စိန်ရတုပြတိုက် အဆောက်အအုံမှာ  အရွယ်အစား အလျား ပေ ၁၀၀၊ အနံ ၇၅ ပေ၊ အမြင့် ၂၆ ပေရှိသော  RC နှစ်ထပ် အဆောက်အအုံဖြစ်ပြီး ယခုအခါ    တည်ဆောက်ရေး လုပ်ငန်း၏ ၇၀ ရာခိုင်နှုန်း  ပြီးစီး နေပြီဖြစ်ရာ ၎င်းတွင် မြန်မာ့အသံ နှင့်   ရုပ်မြင်သံကြား၏  ခေတ် အဆက်ဆက်   အသုံးပြုခဲ့သော စက်ပစ္စည်းများ၊   တူရိယာများ၊ အသုံးအဆောင်   ပစ္စည်းများ၊ ပုံစံငယ်များ၊   စတူဒီယိုများဖြင့် အများပြည်သူ  ကြည့်ရှုလေ့လာ နိုင်ရန်အတွက် ဗဟုသုတဖြစ်ဖွယ်  ခင်းကျင်းပြသမည်ဖြစ်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး သည်   MRTV   ဧည့်ခန်းမတွင် ဝန်ထမ်းများနှင့်    ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး    လုပ်ငန်း ဆိုင်ရာများ    ဆွေးနွေးမှာကြား သည်။


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်    MRTV Auditorium ခန်းမတွင် MRTV  ဝန်ထမ်းများက တင်ဆက်ပြသမည့် “အဉ္ဇလီအငြိမ့်” ရိုက်ကူးရေးအား  ကြည့်ရှုအားပေးပြီး ဝန်ထမ်းများ နှင့်         ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်သည်။


တင်ဆက်ပြသမည်


 မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည်  ပြည်သူများ  ပျော်ရွှင်မှုရရှိ စေရန်၊      အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ  ရရှိနိုင်ရန် အတွက်  ယခုအခါ  အပတ်စဉ် စနေနေ့ညပိုင်းတွင် အငြိမ့်သဘင် ဖျော်ဖြေမှုဖြင့်    တင်ဆက်လျက် ရှိရာ    လာမည့်အောက်တိုဘာ  ၁ ရက် ညပိုင်းတွင် MRTV မှ ဝန်ထမ်း များက  ဖျော်ဖြေတင်ဆက်မည့်   အဉ္ဇလီအငြိမ့်အဖွဲ့ဖြင့် တင်ဆက် ပြသမည်ဖြစ်ကြောင်း  သိရသည်။
ပိုမိုထုတ်လွှင့်နိုင်ရေး ကြိုးပမ်း


ပြန်ကြားရေး          ဝန်ကြီးဌာန မြန်မာ့အသံနှင့်    ရုပ်မြင်သံကြား အနေဖြင့် ပြည်သူများ  ပျော်ရွှင်မှု  ရရှိစေရန်အတွက်   ဖျော်ဖြေရေး အစီအစဉ်များကို          တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ  အပတ်စဉ်‌ သောကြာနေ့     ညတိုင်းတွင်   တေးဂီတ       ဖျော်ဖြေပွဲများဖြင့် လည်းကောင်း၊ အပတ်စဉ် စနေနေ့  ညပိုင်းတွင် အငြိမ့်သဘင် ဖျော်ဖြေ မှုဖြင့်လည်းကောင်း၊   နိုင်ငံခြား ရုပ်သံဇာတ်လမ်းတွဲများကို ညစဉ်  ည  ၇   နာရီ   နောက်ပိုင်းတွင် လည်းကောင်း၊    စတီရီယိုနှင့် ခေတ်ပေါ်မြန်မာတေးသီချင်းများ ကို  ညနေ  ၆ နာရီ  နောက်ပိုင်းမှ စတင်၍လည်းကောင်း  ထုတ်လွှင့် ပေးလျက်ရှိပြီး   ပိုမိုကောင်းမွန် ဆန်းသစ်သည့် ဖျော်ဖြေမှု  အစီ အစဉ်များကို ပိုမိုထုတ်လွှင့်နိုင်ရေး ကြိုးပမ်း     ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။   


သတင်းစဉ်