ပြည်သူများ၏ နှလုံးသားသက်သေ NCA

 

ပြည်သူများ၏ နှလုံးသားသက်သေ NCA

h    ငြိမ်းချမ်းရေးကို၊ တည်ဆောက်လို၍ 
    ရှေ့ကိုမျှော်မှန်း၊ လျှောက်မည့်လမ်းအတွက်
    လက်ကမ်းကြည်ဖြူ၊ ဖိတ်ခေါ်ယူကာ
    တန်းတူညီမျှ၊  ဆွေးနွေးကြခဲ့
    လအောက်တိုဘာ၊  ဆယ့်ငါးမှာလျှင်
    သေချာဆုံးဖြတ်၊  အပစ်ရပ်ဖို့
    လက်မှတ်ရေးထိုး  ကမ္ပည်းတင်။
    နေ့ထူး နေ့မြတ်  သမိုင်းဝင်။
h    ချစ်ကြည်ရေးကို၊  ခိုင်မြဲလို၍
    ညီအစ်ကို  နောင်ရင်း၊ တို့သွေးချင်းတို့
    စစ်ခင်းမှုကို၊  မပြုလိုတော့
    ခုဆို  အတွေးသစ်၊  အမြင်သစ်ဖြင့်
    ပစ်ခတ်တိုက်ခိုက်၊  ရပ်စဲလိုက်ရန်
    နှစ်ခြိုက်မျှော်ကိုး၊  လက်မှတ်ထိုးပြီ
    တစ်မျိုးသားလုံး ပြုံးပျော်ရွှင်။
    နေ့ထူး နေ့မြတ်  သမိုင်းဝင်။
h    အို...ပြည်ထောင်စုဖွား၊  ညီနောင်များတို့
    နှစ်အားဖြင့်သော်၊ ခုနစ်ဆယ်ကျော်ပြီ
    တစ်ဦးပေါ်တစ်ဦးလျှင်၊ မကြည်လင်သည့်
    အမြင်ချင်းဆိုင်၊ ရန်ချင်းပြိုင်၍
          “နိုင်ငံရေးအရ
           တိုင်းရင်းသားရေးအရ
            ဘာသာရေးအရ”
    ယူဆကွဲပြား၊ အကျိုးမများခဲ့
    ရှည်လျား မာန်သစ်၊ ရန်မဖြစ်ဘဲ
    ပြန်ချစ်နိုင်မှ၊ တိုင်းပြည်လှလိမ့်
ရသည့်  ခွင့်ရေး၊ ခြေနေပေးခိုက်
ဆွေးနွေးကြရန်၊  အချိန်တန်ပြီ
NCA ကား၊ ပြည်သူများ၏
နှလုံးသားသက်သေ၊  မပျက်ပေတည့်
ဆက်လေတို့ခရီး၊   တို့မညည်းဘဲ
တို့စည်း တို့ကမ်း၊  တို့နည်းလမ်းဖြင့်
ငြိမ်းချမ်းညီညွတ်၊  အောင်ပန်းဆွတ်ဖို့
လွှတ်တော်လမ်းကြောင်း၊  မတိမ်းစောင်းအောင်
ကောင်းစွာစိတ်ကြံ၊  သန္နိဋ္ဌာန်ဖြင့်
နိုင်ငံတည်ဆောက်ကြမည်တကား။     ။

(တစ်နိုင်ငံလုံး    ပစ်ခတ်တိုက်ခိုက်မှု      ရပ်စဲရေး သဘောတူစာချုပ်  (၈)နှစ်မြောက်  နှစ်ပတ်လည် နေ့ကို   ဂုဏ်ပြုလျက်)

 

မြင်းမူမောင်နိုင်မိုး