ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးနည်းပညာသုတေသနများ မြှင့်တင်ဆောင်ရွက်ပေး

 

နေပြည်တော်    ဧပြီ    ၆
သိပ္ပံနှင့်နည်းပညာ  ဝန်ကြီးဌာန ဒုတိယဝန်ကြီး      ဒေါက်တာ အောင်ဇေယျသည်   ဧပြီ ၂ ရက် နံနက်ပိုင်းတွင်        ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)ရှိ   ဘွဲ့နှင်း သဘင်ခန်းမ၌     ဟင်္သာတမြို့ရှိ    နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှု အထက်တန်းကျောင်းတို့မှ တာဝန် ရှိသူများ၊ ကျောင်းသား ကျောင်းသူ များနှင့်တွေ့ဆုံ၍ ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေး   အတွက်သာမက ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက် ရေး   လုပ်ငန်းစဉ်များတွင်လည်း တာဝန်ကျေပွန်စွာ     သယ်ပိုး ရွက်ဆောင်နိုင်သော တက္ကသိုလ်/ကျောင်းများဖြစ်စေရေး အလေး ထားဆောင်ရွက်ကြရန်၊    နိုင်ငံ ချစ်စိတ်ရှိ၍    အရည်အသွေး ပြည့်မီသော  လူငယ်အင်ဂျင်နီယာ များ၊ နည်းပညာရှင်များ စဉ်ဆက် မပြတ်    ပေါ်ထွန်းလာစေရေး ဆောင်ရွက်သွားရန်၊  တိုက်တွန်း မှာကြားပြီး  တာဝန်ရှိသူများနှင့် ထူးချွန်ဆရာ   ဆရာမများအား ဂုဏ်ပြုဆုများ  ပေးအပ်ချီးမြှင့် သည်။ 
ဆက်လက်၍ ဒုတိယဝန်ကြီး သည်     နည်းပညာတက္ကသိုလ် (ဟင်္သာတ)သို့     ရောက်ရှိပြီး ကျောင်းသား    ကျောင်းသူများ စိတ်အေးချမ်းသာစွာ  စာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေး  ပြီး ကျောင်းသား ကျောင်းသူများ ရွှင်လန်းချမ်းမြေ့စွာ ဖြေဆိုနိုင်ရေး လိုအပ်သည်များ ပံ့ပိုးပေးရန်နှင့် Academic Calendar  အတိုင်း ဆက်လက်ဆောင်ရွက်ရန် တာဝန် ရှိသူများကို မှာကြားသည်။  
ယင်းနောက်  ဒုတိယဝန်ကြီး သည်  မြို့ပြအင်ဂျင်နီယာဌာနရှိ Fluid Lab ၊   Strength  Lab နှင့် Water Resources Lab ရှိ စပါးခွံ လောင်စာသုံး   Gasifier ဆိုင်ရာ ရေဆိုးသန့်စင်စနစ်  သုတေသန များမှ    စမ်းသပ်မှုရလဒ်များ၊ စက်မှုအင်ဂျင်နီယာဌာနရှိ စက်မှု လယ်ယာသုံး စက်ပစ္စည်းကိရိယာ များဆိုင်ရာ  သုတေသနများနှင့် Hexa-Pedal Robot Mechanism ဆောင်ရွက်ထားမှု၊      လျှပ်စစ် စွမ်းအား    အင်ဂျင်နီယာဌာနရှိ စပါးခွံလောင်စာသုံး    Gasifier ဆိုင်ရာ     ဓာတ်ငွေ့သန့်စင်စနစ် Electrostatic    Precipitator (ESP)  သုတေသနမှ စမ်းသပ်မှု ရလဒ်များ၊  Solid State Tesla Coil မှ ကြိုးမဲ့လျှပ်စစ်ကူးပြောင်း ခြင်း စမ်းသပ်မှုရလဒ်များနှင့် EV သုံးမော်တာဆိုင်ရာ သုတေသနမှ စမ်းသပ်မှုရလဒ်များ၊    အီလက် ထရောနစ်   အင်ဂျင်နီယာဌာနရှိ Wi-Fi   ဖြင့်    ထိန်းချုပ်သည့် ငါးအစာကျွေးစနစ်နှင့်   အခြား သုတေသနများ စမ်းသပ်မှုရလဒ် များကို     ကြည့်ရှုစစ်ဆေးကာ နည်းပညာများကို  သက်ဆိုင်ရာ ဌာနများနှင့်  MSME လုပ်ငန်းရှင် များ၏     လက်ဝယ်အရောက် လွှဲပြောင်း    ဖြန့်ဝေပေးနိုင်ရေး အလေးထား    ဆောင်ရွက်ရန် မှာကြားသည်။ ထို့နောက် ဒုတိယ ဝန်ကြီးသည် တက္ကသိုလ်ရှိ Smart Class Room နှင့် Language Lab များကိုကြည့်ရှုစစ်ဆေးပြီး ကွန်ပျူ တာခန်း၌ ကျောင်းသား ကျောင်းသူ  များ ပရောဂျက်များ ဆောင်ရွက် နေမှုတို့ကို   ကြည့်ရှုအားပေး၍ အနာဂတ်  တိုင်းပြည်တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် သူများဖြစ်၍    ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့လူငယ်ကောင်း အင်ဂျင်နီယာများ   ဖြစ်စေရေး ရည်မှန်း      ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် ခိုင်စပယ်စပါးခွံလောင်စာ သုံး  Gasifier စက်ရုံ   လည်ပတ် မောင်းနှင်နေမှုကို ကြည့်ရှုစစ်ဆေး ကာ   လိုအပ်သည်များ   မှာကြား ခဲ့ကြောင်း သိရသည်။ သတင်းစဉ်