ပြည်သူများ၏ အကျိုးစီးပွားအတွက် မျိုးဆက်သစ် အင်ဂျင်နီယာကောင်းများ မွေးထုတ်ဆောင်ရွက်

 

မန္တလေး   ဒီဇင်ဘာ   ၆
သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန သည်  နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းစဉ် များကို     အောင်မြင်အောင် ဆောင်ရွက်ရာတွင်     တစ်တပ် တစ်အားအနေဖြင့်    အထောက် အကူပြုနိုင်မည့်   မျိုးဆက်သစ် အင်ဂျင်နီယာ      ကောင်းများကို စံနှုန်းများနှင့်အညီ    မွေးထုတ် ဆောင်ရွက်လျက်ရှိရာ   ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျ သည်    မန္တလေးတိုင်းဒေသကြီး အတွင်းရှိ နည်းပညာတက္ကသိုလ် များတွင် လုပ်ငန်းဆောင်ရွက်နေ မှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်း တွင်   ဒုတိယဝန်ကြီးသည်   နည်း ပညာတက္ကသိုလ်(ကျောက်ဆည်)သို့ ရောက်ရှိခဲ့ပြီး စာသင်ခန်းများ နှင့် လက်တွေ့ခန်းများ၌ အေးချမ်း ပျော်ရွှင်စွာ  သင်ကြားနေကြသော ကျောင်းသား  ကျောင်းသူများကို ရင်းရင်းနှီးနှီး    နှုတ်ဆက်ကာ  မိမိတို့၏      ရည်မှန်းချက်များ အလိုက်       အင်ဂျင်နီယာများ ဖြစ်မြောက်အောင်  ဆောင်ရွက်ကြ ရာတွင် အရည်အသွေးပြည့်မီရေး ကြိုးပမ်းရန်အပြင်      အထူးပြု လေ့လာမှုများသည် ပြည်သူများ ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင် ရေး    ဦးတည်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း    မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့်    တွေ့ဆုံခဲ့ပြီး လိုအပ်ချက်များကို   ဖြည့်ဆည်း ပေးခဲ့သည်။  
ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်း တွင်       ဒုတိယဝန်ကြီးသည် မန္တလေးနည်းပညာတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး   စာသင်ခန်းများနှင့် လက်တွေ့ခန်းများ၌    သင်ကြား နေကြသော       ကျောင်းသား ကျောင်းသူများကို     ကြည့်ရှု အားပေးပြီး        အင်ဂျင်နီယာဌာန များရှိ    သုတေသန လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။ 
မွန်းလွဲပိုင်းတွင်     ဒုတိယ ဝန်ကြီးသည်        နည်းပညာ တက္ကသိုလ်(မန္တလေး)သို့  ရောက်ရှိ ခဲ့ပြီး   ဝန်ထမ်းများနှင့်    တွေ့ဆုံ ခဲ့ကာ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်ကို လေးစားလိုက်နာကြ ရင်း  ပြည်သူများအတွက်  အမှန် တကယ်    အကျိုးပြုနိုင်သည့် စွမ်းရည်မြင့် နိုင်ငံ့ဝန်ထမ်းကောင်း များ ဖြစ်စေရေးတို့အတွက် အလေး ထားဆောင်ရွက်ရန်    မှာကြား သည်။   ယင်းနောက်    ဒုတိယ ဝန်ကြီးသည် စာသင်ခန်းများတွင် အေးချမ်းပျော်ရွှင်စွာ   သင်ကြား နေကြသော ကျောင်းသား ကျောင်း သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ကာ       လိုအပ်သည်များကို ဖြည့်ဆည်း    ဆောင်ရွက်ပေးခဲ့ သည်။ ထို့နောက် ဒုတိယဝန်ကြီး သည်  လျှပ်စစ်စွမ်းအားအင်ဂျင် နီယာဌာနရှိ လေအားနှင့် လေအား လျှပ်စစ်     သုတေသနပုံစံငယ် များ၊      နေရောင်ခြည်စွမ်းအင် သုံး  လက်ကိုင်ဖုန်းအားသွင်းစနစ်၊ အခြား    အင်ဂျင်နီယာဌာနများ ရှိ          လက်တွေ့ခန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို     မှာကြားခဲ့ ကြောင်း သိရသည်။ 
   သတင်းစဉ်