ပြည်သူများအတွက် အိမ်ထောင်စုတစ်ခုလျှင် ဆန်တစ်အိတ်နှုန်း ရောင်းချပေး

 

ရန်ကုန်   သြဂုတ်   ၃ 


ပြည်တွင်းဈေးကွက်တွင် ဆန်ဈေးအနည်းငယ်မြင့်တက်နေသည့်အတွက်  မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်မှ ဦးဆောင်၍   စားသုံးသူပြည်သူများအတွက် အိမ်ထောင်စုတစ်ခုလျှင်      ဆန်တစ်အိတ်နှုန်းဖြင့် ယနေ့နံနက်က   ရန်ကုန်မြို့   လမ်းမတော်မြို့နယ် ဝါးတန်း ဆိပ်ကမ်းဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)၌  ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 


အဆိုပါအစီအစဉ်ကို    မြန်မာနိုင်ငံ   ဆန်စပါး အသင်းချုပ်၊    မြန်မာနိုင်ငံ    ဆန်စပါးကုန်သည်များ အသင်း၊    မြန်မာနိုင်ငံ   ဆန်စက်လုပ်ငန်းရှင်များ အသင်း၊  မြန်မာနိုင်ငံ  ဆန်စပါးစိုက်ပျိုးထုတ်လုပ် သူများအသင်းတို့နှင့်  ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်)တို့မှ  ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊   ဆန်ရောင်းချပေးရာ တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ် ၇၅၀၀၀ ဖြင့်    ရောင်းချပေးသွားမည်ဖြစ်ကာ     ဧရာဝတီ ပေါ်ဆန်းကို    ငွေကျပ်   ၅၅၀၀၀၊    ကြားပျံဆန်ကို ငွေကျပ်  ၆၀၀၀၀၊  ရက် ၉၀ ဆန်ကို ငွေကျပ် ၃၇၀၀၀ ဖြင့် နံနက် ၉ နာရီမှ ညနေ  ၃ နာရီအထိ စတင်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။


အာကာလင်း