ပြည်သူများအားလုံး ပျော်ပျော်ရွှင်ရွှင်ဖြင့် ကိုယ့်ဘဝကိုယ် တိုးတက်အောင် ဆောင်ရွက်နိုင်ရန် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်

 

ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် ရှမ်းပြည်နယ်အနေဖြင့် ပညာရေးကို ယခုထက် ပိုမိုအားပေးဆောင်ရွက်ကြရန်လို

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်း မြို့နယ်နှင့်  ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်နှင့်   ခိုလမ်မြို့တို့တွင်   တာဝန်ထမ်း ဆောင်လျက်ရှိသည့်    ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား  ယနေ့တွင်  အဆိုပါမြို့နယ်များရှိ  မြို့နယ်ခန်းမများ၊    အထွေထွေအုပ်ချုပ်ရေးမှူးရုံး ခန်းမများ၌  သီးခြားစီတွေ့ဆုံ၍  ဒေသဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။

 


အဆိုပါတွေ့ဆုံပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့်      အဖွဲ့ဝင်များ၊  ရှမ်း ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊      အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်   တာဝန်ရှိသူများ၊   ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊   လွိုင်လင်ခရိုင်    နမ့်စန် မြို့နယ်နှင့် ခိုလမ်မြို့မှ    ပြည်နယ်၊   ခရိုင်၊  မြို့နယ်အဆင့်   ဌာန ဆိုင်ရာ  တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက် ကြသည်။

 


ရှင်းလင်းတင်ပြ


ဦးစွာ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဥက္ကဋ္ဌ ဦးရဲနိုင်၊ မိုင်းပျဉ်းမြို့နယ်အုပ်ချုပ် ရေးမှူး  ဦးမြင့်ဝင်း၊  နမ့်စန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မိုးနှင့်   မြို့မိမြို့ဖများက    ဒေသဆိုင်ရာ အချက်အလက်များ၊   ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ    ဆောင်ရွက်နေမှု၊  ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ      ကိစ္စရပ်များ  အကောင်အထည်ဖော်   ဆောင်ရွက်နေမှု၊      လမ်း၊  တံတားများ     တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေမှု၊   ပန်းခင်းစီမံချက်ဖြင့်   ဒေသခံ တိုင်းရင်းသား  ပြည်သူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနေမှု၊   နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ   ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေး   ညှိနှိုင်းဆောင်ရွက်နေမှု၊    စိုက်ပျိုးရေးထွက်ကုန်များ    အထွက်နှုန်းတိုးတက်စေရေး   ကြိုးပမ်းဆောင်ရွက် နေမှုနှင့်       သဘာဝဓာတ်မြေဩဇာများရရှိနိုင်ရေး  ဆောင်ရွက်နေမှု၊  မွေးမြူရေးလုပ်ငန်းများ   ဆောင် ရွက်နေမှုနှင့်   ပြည်ပနိုင်ငံများသို့    တင်ပို့နိုင်ရေး  ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊    ဒေသအတွင်း     လျှပ်စစ်ဓာတ်အားဖူလုံမှုရှိစေရေးအတွက်    ရေအား လျှပ်စစ်ဓာတ်အား        ထုတ်လုပ်မှုစီမံကိန်းများ ဖော်ဆောင်ပေးရန်   လိုအပ်မှု၊       ကျန်းမာရေးနှင့် ပတ်သက်၍ ဆေးရုံများ  အဆင့်မြှင့်တင်ဆောင်ရွက် ရန်    လိုအပ်မှုနှင့်    အခြားဒေသ၏  ပညာရေး၊ ကျန်းမာရေးဆိုင်ရာ     လိုအပ်ချက်များကို    ရှင်းလင်း တင်ပြကြသည်။

 


ရှင်းလင်းပြောကြား


ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍  ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့်      ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးကိုကို၊  ဦးလှမိုး၊   ဒေါက်တာ ညွန့်ဖေ၊   ဒေါက်တာသက်ခိုင်ဝင်း၊    ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းတို့က ဝန်ကြီးဌာန အလိုက်   ဆောင်ရွက်ပေးနိုင်မည့်   အခြေအနေများ အလိုက်  ရှင်းလင်းပြောကြားရာတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများတွင် လမ်း၊ တံတားများ  တည် ဆောက်ပေးမှု၊    နယ်စပ်ဒေသ  ဖွံ့ဖြိုးရေးအတွက် လူသားအရင်းအမြစ်များ    ပေါများစေရေး   ဒေသခံ ပြည်သူများ    ပညာရည်မြင့်မားစေရေး    ဖွံ့ဖြိုးရေး သင်တန်းများ၊ ဒီဂရီကောလိပ်များနှင့် တက္ကသိုလ်များ ဖွင့်လှစ်သင်ကြားပေးနေမှု၊     ကျိုင်းတုံမြို့ရှိ   မဟာ မြတ်မုနိဘုရားကြီးကို  ရှေးဟောင်းသမိုင်းဝင်အဖြစ် သတ်မှတ်ပေးသွားမည့် အခြေအနေ၊ စာသင်ကျောင်း များတွက်   လိုအပ်သည့်     စာအုပ်စာစောင်များကို စာကြည့်တိုက်များအတွက် ပြည့်စုံစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးထားမှု၊      ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို  ဖြည့် ဆည်းဆောင်ရွက်ပေးနေမှု၊    ကိုဗစ်-၁၉   ရောဂါ ကာကွယ်  ထိန်းချုပ် ကုသရေးလုပ်ငန်းများ   ဆောင် ရွက်ပေးနေမှုအခြေအနေများကို    ရှင်းလင်းတင်ပြ ကြသည်။

 


ယင်းနောက်  တက်ရောက်လာကြသည့် ဒေသခံ ပြည်သူများက  ရှမ်းပြည်နယ်   အရှေ့ပိုင်းဒေသတွင် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်၍  တန်ဖိုးမြှင့် ထုတ်ကုန်များ      ထုတ်လုပ်နေမှုနှင့်        ခေတ်မီ စက်ကိရိယာပစ္စည်းများ   လိုအပ်နေမှု၊   မွေးမြူရေး လုပ်ငန်းများ    တိုးတက်အောင်   ဆောင်ရွက်နေမှုနှင့် ဌာနဆိုင်ရာ   လိုအပ်ချက်များကို   ရှင်းလင်းတင်ပြ သည်။

 


အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေး


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများနှင့် ပတ်သက်၍ ပြောကြားရာတွင် မိမိအနေဖြင့် ယခုကဲ့သို့ နိုင်ငံတော်အဆင့်  တာဝန်ရှိ သူများနှင့်အတူ  လာရောက်ခြင်းသည်  ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်   လိုအပ်သည်များကို   မှန်မှန် ကန်ကန်နှင့်   မြန်ဆန်စွာ     ဖြည့်ဆည်းပေးရေး လာရောက်ခြင်းဖြစ်သည့်အတွက် ဒေသ၏ ယေဘုယျ အခြေအနေနှင့် ဒေသ၏လိုအပ်ချက်များကို အချိန်တို အတွင်း   ထိထိရောက်ရောက်   တင်ပြကြရန်    လို ကြောင်း၊ ဒေသအတွင်း လာရောက်၍တာဝန်များကို ထမ်းဆောင်နေကြသည့်   ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်များနှင့်      ဒေသခံပြည်သူလူထုတို့ လက်တွဲညီညီ   ဆောင်ရွက်ပြီး    ဒေသနှင့်   ဒေသခံ ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနိုင်ရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်   ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ  လိုအပ်ချက်များကို တတ်စွမ်း သရွေ့  အမြန်ဆုံး  ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း။

 


မိမိအနေဖြင့်   ကျိုင်းတုံမြို့သို့   အကြိမ်ကြိမ် ရောက်ရှိခဲ့ကြောင်း၊    မဟာမြတ်မုနိဘုရားကြီး၏ ရာပြည့်အခမ်းအနားကိုလည်း  အောင်မြင်စွာ  ကျင်းပ နိုင်ခဲ့ကြောင်း၊     ကျိုင်းတုံနယ်ရှင်     စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်က         တည်ထား ကိုးကွယ်ခဲ့ခြင်း ဖြစ်ကြောင်း၊    ယနေ့နံနက်ပိုင်းတွင် လည်း  စော်ဘွားကြီး၏ ကျိုင်းတုံဟော်နန်း ပုံစံတူ ပြန်လည်တည်ဆောက်နိုင်ရေးအတွက်          ရတနာ အုတ်မြစ်တော်စီအခမ်းအနားကို    ကျင်းပပြုလုပ် ခဲ့ကြောင်း၊  ထို့ပြင် မိုင်းပွန်မြို့ရှိ မိုင်းပွန်ဟော်နန်းနှင့် သိန်းနီမြို့ရှိ  သိန်းနီဟော်နန်းအဆောက်အဦတို့သည် လည်း ပျက်စီးယိုယွင်းလျက်ရှိသဖြင့် ပြန်လည်ပြုပြင် တည်ဆောက်ပေးလျက်ရှိရာ မိုင်းပွန်ဟော်နန်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင်  ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်းနှင့် သိန်းနီဟော်နန်းကြီးသည် ပြီးစီးမှု ရာခိုင်နှုန်း ၆၀ ကျော်ရှိပြီဖြစ်ကြောင်း၊ တိုင်းရင်းသား များအားလုံးတွင်   သမိုင်းကြောင်းများရှိကြောင်း၊ မိမိတို့နိုင်ငံ၏  လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းမှ ဦးဆောင်၍  ဆောင်ရွက်ခဲ့ခြင်း ရှိသကဲ့သို့ အခြားသော   နိုင်ငံ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်   တိုင်းရင်းသားခေါင်းဆောင်များ လည်းရှိကြောင်း၊ အဆိုပါ တိုင်းရင်းသား ခေါင်းဆောင် များ၏သမိုင်းကို  အားလုံးပြည့်ပြည့်စုံစုံဖြင့်  ဖော်ပြ ရန်လိုကြောင်း၊     အခြား ပြည်ပနိုင်ငံများတွင်လည်း ၎င်းတို့၏  ဘုရင်အဆက်ဆက်အသုံးအဆောင်များ၊ အဆောက်အဦများကို     နိုင်ငံအလိုက်   ထုံးတမ်း စဉ်လာများနှင့်အညီ   တည်ဆောက်ပြသထားသည် ကို တွေ့ရှိရကြောင်း၊  ထို့ကြောင့် မိမိအနေဖြင့် သမိုင်း များကို ပြန်လည်ဖော်ထုတ်ရန်အတွက်   ယခုကဲ့သို့ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊  ကျိုင်းတုံဟော်နန်း တည်ဆောက်ပြီးစီးချိန်တွင်လည်း  အသုံးအဆောင် ပစ္စည်းများကို ပြသသွားမည်ဖြစ်ကြောင်း၊ သမိုင်းကို ဖော်ထုတ်ခြင်းဖြင့်   မိမိနိုင်ငံ၊   မိမိလူမျိုး၏ ဂုဏ်ကို ဖော်ပြနိုင်မည်ဖြစ်ကြောင်း။

 


လမ်းပန်းဆက်သွယ်ရေး


ယခင်က  ကျိုင်းတုံမြို့သည် လမ်းပန်းဆက်သွယ် မှုခက်ခဲခဲ့ကြောင်း၊    မိမိအနေဖြင့်   ကျိုင်းတုံမြို့ လမ်းပန်းဆက်သွယ်ရေး  ကောင်းမွန်ရန်အတွက်  ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ  ကျိုင်းတုံ လေဆိပ် အဆင့်မြှင့်တင်ရေးအတွက်လည်း အဆင့်ဆင့် တင်ပြ၍   ဆောင်ရွက်ခဲ့ကြောင်း၊      လျှပ်စစ်မီးနှင့် ပတ်သက်၍လည်း     ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ရေအားလျှပ်စစ်ဓာတ်အား      ထုတ်လုပ်နိုင်သည့်  ရေအရင်းအမြစ်များစွာ ရှိပြီးဖြစ်ကြောင်း၊  ယခင်က  ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံကိန်း များ    ချမှတ်ဆောင်ရွက်ခဲ့သော်လည်း    အကြောင်း အမျိုးမျိုးကြောင့်    အကောင် အထည်ဖော်နိုင်မှုမရှိခဲ့ ကြောင်း၊   ရှမ်းပြည်နယ်အရှေ့ပိုင်းသည်   ရေမြေ သဘာဝအားဖြင့်    အရင်းအမြစ်များစွာရှိသော်လည်း အသုံးချနိုင်မှု   နည်းပါးကြောင်း၊ လျှပ်စစ်ဓာတ်အား  လုံလောက်စွာရရှိရေးအတွက်     လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများကို   ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအနေ ဖြင့်လည်း  ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွား ကြရန် တိုက်တွန်းလိုကြောင်း။

 


စနစ်တကျကြပ်မတ်ဆောင်ရွက်


ယခင်က  တာချီလိတ်ဒေသတွင်  မူးယစ်ဆေးဝါး ပြဿနာများရှိခဲ့ပြီး ထိန်းချုပ်မှုလုပ်ငန်းများ ဆောင် ရွက်ချိန်တွင်     နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုစာရင်းများ  စစ်ဆေးဆောင်ရွက်ရာ၌ တိုင်းရင်းသားမဟုတ်ဘဲ    နိုင်ငံသားစိစစ်ရေးကတ် ပြားများ ရယူကိုင်ဆောင်ထားခဲ့သည်ကို တွေ့ကြုံခဲ့ရ ကြောင်း၊ ယခုအခါ  ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသား စိစစ်ရေးကတ်ပြားများ  ပြုလုပ်ပေးရာတွင် တာဝန် ရှိသူများအနေဖြင့် စနစ်တကျ  ကြပ်မတ်ဆောင်ရွက် ကြရန်လိုကြောင်း။

 


ဒေသတွင်းစားရေရိက္ခာဖူလုံရေး


နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ  ဆောင်ရွက်ရာ တွင်လည်း အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊  နိုင်ငံ ရေးဆိုင်ရာကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များကိုပါ ထည့်သွင်းစဉ်းစား၍ ဆောင်ရွက်ရကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ    ဆောင်ရွက်ရာတွင် လည်း ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊  ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန် လိုကြောင်း၊ မိမိအနေဖြင့် တိုင်းမှူးတာဝန်ထမ်းဆောင် ချိန်တွင်  စပါးစိုက်ပျိုးမှုများ အထွက်နှုန်းတိုးစေရေး အတွက်        ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူ   လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေ ရေးအတွက်လည်း      သက်ဆိုင်ရာသို့     တင်ပြ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒေသအတွင်း လက်ဖက် စိုက်ပျိုးမှု တိုးတက်စေရေး အားပေးဆောင်ရွက်ပေး ခဲ့ကြောင်း၊   ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ   ခိုလမ်၊ နမ့်စန်၊ ဟိုပုံး၊ အောင်ပန်း၊  ဟဲဟိုးဒေသများသည် မြေပြန့်လွင်ပြင်များဖြစ်ပြီး       စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို  အောင်မြင်အောင် လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများစွာရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်   သမ္မာအာဇီဝကျသည့်   စီးပွားရေး လုပ်ငန်းများဖြင့်သာ      ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

 


 စား၊ ရေ၊ ရိက္ခာ ဖူလုံရေး


မိမိအနေဖြင့်    အမျိုးသားရည်မှန်းချက်များ ချမှတ်ထားပြီး အမျိုးသားရေးလုပ်ငန်းစဉ် ၂ ခုအဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့်    စား၊ ရေ၊ ရိက္ခာ ဖူလုံရေးကို  ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်  ၂ ခုအဖြစ်  စစ်မှန်စည်းကမ်း ပြည့်ဝသည့်   ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို   အခြေခံသည့် ပြည်ထောင်စုတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့  ဆောင်ရွက်ရန်အတွက်   ငြိမ်းချမ်းရေးသည် အရေးကြီးသဖြင့် ငြိမ်းချမ်းရေးနှင့် အချုပ်အခြာ အာဏာ    တည်တံ့ခိုင်မြဲရေး   လုပ်ငန်းစဉ်ကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊    ပြည်သူများ အားလုံး   ပျော်ပျော်ရွှင်ရွှင်ဖြင့်    ကိုယ့်ဘဝကိုယ် တိုးတက်အောင်    ဆောင်ရွက်နိုင်ရန်   တိုင်းပြည် သာယာဝပြောရေးနှင့်  စားရေရိက္ခာပေါများရေး အတွက်  ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကိုးကွယ်ရာ      ဘာသာတရားအဆုံးအမများဖြင့် အားလုံး   အေးအေးချမ်းချမ်းဖြင့် နေထိုင်နိုင်ကြရန် လိုကြောင်း၊   စိုက်ပျိုးမွေးမြူရေးနှင့်  ပတ်သက်၍ ရှိပြီးသား ရေနှင့်မြေအရင်းအမြစ်များကို အပြည့်အဝ အသုံးချဆောင်ရွက်ကြရန်လိုကြောင်း၊  မိမိတို့နိုင်ငံ တွင်  ဓာတ်မြေဩဇာထုတ်လုပ်ရေးနှင့် ပတ်သက်၍ အခက်အခဲများ   ဖြစ်ပေါ်လျက်ရှိကြောင်း၊    အဆိုပါ အခက်အခဲများကို  ကျော်လွှားနိုင်ရန်အတွက် မွေးမြူ ရေးလုပ်ငန်းများကို       လှောင်မွေးသည့်စနစ်ဖြင့် စနစ်တကျ မွေးမြူဆောင်ရွက်မည်ဆိုပါက  ဇီဝမြေဩဇာများရရှိနိုင်မည်ဖြစ်ကြောင်း၊  တိရစ္ဆာန်များ အတွက် လိုအပ်သည့်   အစာနှင့် ရေများကိုလည်း စနစ်တကျဖြင့်     ကျွေးမွေးရန်   လိုအပ်ကြောင်း၊ စိုက်ပျိုးမှုများမှ တိရစ္ဆာန်များအတွက် လိုအပ်သည့် အစာများကို     ထုတ်လုပ်၍    တိရစ္ဆာန်များအား အာဟာရပြည့်ဝအောင် ကျွေးမွေးနိုင်ခြင်းဖြင့် အသား ထုတ်လုပ်မှု     ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်  ဆောင် ရွက်၍ ကုန်ချောများ ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ၍ရကြောင်း။

 


ပညာရေးကိုအားပေးရန်လို


စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး အတွက် အသိပညာ၊ အတတ်ပညာများ လိုအပ်သဖြင့် ပညာရည်မြင့်မားရေးလုပ်ငန်းများကို    ဆောင်ရွက် ရန်လိုကြောင်း၊       ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ပညာရေးအရအားနည်းသည်ကို တွေ့ရှိရပြီး ဘာသာ စကားဆိုင်ရာ   အခက်အခဲများနှင့်    အခြားသော အကြောင်းအမျိုးမျိုးကြောင့် ဖြစ်သည်ကို   တွေ့ရှိရ ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး ကို အားပေးရန်လိုကြောင်း၊  ယနေ့ခေတ်သည် ပညာ ခေတ်ဖြစ်သည့်အတွက်     ရှမ်းပြည်နယ်အနေဖြင့် ပညာရေးဆိုင်ရာများကို   ယခုထက်   ပိုမိုအားပေး ဆောင်ရွက်ကြရန်လိုကြောင်း၊        မိမိတို့အနေဖြင့် နိုင်ငံတစ်ဝန်း ပညာရည်မြင့်မားရေးအတွက် ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်နေခြင်း မှာ နိုင်ငံ၏  အမျိုးသားအကျိုးစီးပွားတိုးတက်ရေး၊ တစ်ဦးချင်း၏      ပညာတိုးတက်စေရေးအတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ပညာတတ်များ      ပေါကြွယ်ဝခြင်းသည်    ဒီမိုကရေစီစနစ်  ဖော်ဆောင် ရန်နှင့်       တိုင်းပြည်၏        အနာဂတ်ကောင်းကို ပိုင်ဆိုင်ခြင်းပင်ဖြစ်သည့်အတွက်      နိုင်ငံတကာတွင် လည်း    နိုင်ငံအလိုက်  ပညာရည်မြင့်မားတိုးတက် အောင်         ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံဖွံ့ဖြိုး  တိုးတက်ရေးအတွက် လူသားအရင်းအမြစ်ကောင်း များ ပေါ်ထွက်စေရေး အမြဲမပြတ် ကြိုးပမ်းဆောင်ရွက် နေကြရန်လိုကြောင်း။

 


နယ်စပ်ကုန်သွယ်မှုနှင့်ပတ်သက်၍ မိမိတို့အနေ ဖြင့် တိုးတက်မှုရှိစေရေး  ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊        ယခုအခါ     ကုန်သွယ်မှုပိုငွေများ တိုးတက်လာပြီဖြစ်ပြီး ဆက်လက်၍လည်း တိုးတက် လာမည်ဟု   ယုံကြည်ကြောင်း၊   ပြည်ပသို့ စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များတင်ပို့ရာတွင်     အရည် အသွေးမီ  အဆင့်မြင့်ထုတ်ကုန်များ  တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊     ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် လူသားအရင်းအမြစ်များ ပေါကြွယ်ဝစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊  မိမိတို့နိုင်ငံအတွင်း   အလုပ်အကိုင် အခွင့်အလမ်းများ   ပေါများလာပါက    ပြည်ပသို့ သွားရောက်လုပ်ကိုင်ဆောင်ရွက်မှုများ နည်းပါးသွား မည်ဖြစ်ကြောင်း။

 


အောင်မြင်စွာ  ကျော်လွှားနိုင်ခဲ့


ကိုဗစ် -၁၉ ရောဂါ  ကာကွယ်  ကုသ  ထိန်းချုပ် ရေးနှင့်ပတ်သက်၍  တတိယလှိုင်း ဖြစ်ပွားနေချိန်တွင် မိမိတို့အနေဖြင့်     ကြိုးပမ်းဆောင်ရွက်ခဲ့သကဲ့သို့ အခက်အခဲဖြစ်ပေါ်လာချိန်၌         ရဟန်းရှင်လူ၊  ပြည်သူများအားလုံး၏   ဝိုင်းဝန်းကူညီလှူဒါန်းပေးခြင်းနှင့်   ပူးပေါင်းဆောင်ရွက်ပေးခဲ့မှုများကြောင့်  အောင်မြင်စွာ   ကျော်လွှားနိုင်ခဲ့ကြောင်း၊   အဆိုပါ ကိုဗစ် - ၁၉ ရောဂါသည်   လတ်တလောအချိန်တွင် ပျောက်ကင်း သွားနိုင်မှုမရှိသေးဘဲ ယခုအချိန်တွင် ၆ ရာခိုင်နှုန်းခန့်  ကူးစက်လျက်ရှိသည်ကို တွေ့ရှိ ရကြောင်း၊ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို လည်း   ဆောင်ရွက်ခဲ့ရာတွင်   မျှော်မှန်းထားသည့်   ၅၀     ရာခိုင်နှုန်းထက်   ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း၊ သို့သော်လည်း ဂရုစိုက်နေထိုင်ကြရန်လိုကြောင်း နှင့်  ကိုဗစ်-၁၉ ရောဂါသည် အရှင်းပျောက်ကင်း သွားမည့်    ရောဂါမဟုတ်သဖြင့်   တတ်နိုင်သရွေ့ ကြိုတင်ကာကွယ်ခြင်းသည်သာလျှင် အကောင်းဆုံး ဖြစ်မည်ဖြစ်ကြောင်း၊  နေရာဒေသအလိုက်  ဒေသ တွင်း       လာရောက်တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊    ဒေသခံများအနေဖြင့်  ဒေသအတွက်      အမှန်တကယ်     အကျိုးရှိမည့် လုပ်ငန်းများကို တိုင်ပင်ညှိနှိုင်းလုပ်ဆောင်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်းဖြင့် ပြောကြားသည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က   ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်နှင့်     ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့နယ်တို့ရှိ  ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  မြို့မိမြို့ဖများအတွက် လက်ဆောင်ပစ္စည်းများကို  ပေးအပ်ရာ အုပ်ချုပ်ရေး မှူးများက လက်ခံရယူကြသည်။

 


တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင် များသည်   တက်ရောက်လာကြသည့်   ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြို့မိ မြို့ဖများအား  ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်