ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ အမြန်ဆုံးသုံးစွဲနိုင်ရေးအတွက် တာဝါတိုင်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးပြီးစီးနိုင်ရေး ဆောင်ရွက်

 

နေပြည်တော်   ဇူလိုင်   ၃၀


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဦးသောင်းဟန်သည်  စွမ်းအင်ဝန်ကြီးဌာန    ဒုတိယ ဝန်ကြီး  ဦးသန့်စင်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊      ဦးဆောင် ညွှန်ကြားရေးမှူးများနှင့်  အတူ ယနေ့ နံနက်ပိုင်းတွင်  ၂၃၀ ကေဗွီ မန်စံ-ရွှေစာရံ မဟာဓာတ်အား လိုင်းရှိ     တိမ်းစောင်းချွတ်ယွင်းမှု ဖြစ်ပွားခဲ့သော တာဝါတိုင်အမှတ် ၆၁၃    ပြန်လည်ပြင်ဆင်နေခြင်း လုပ်ငန်းများ  ဆောင်ရွက်နေမှုနှင့် အရှေ့တောင်အာရှ    ရေနံနှင့်   သဘာဝဓာတ်ငွေ့ပိုက်လိုင်း  ပင်မ ထိန်းချုပ်ရေးစခန်း  (မန္တလေး) တို့ကို ကြည့်ရှုစစ်ဆေးသည်။

 


ဦးစွာ  ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ၂၃၀ ကေဗွီ    မန်စံ- ရွှေစာရံ    မဟာဓာတ်အားလိုင်းရှိ  တိမ်းစောင်းချွတ်ယွင်းမှုဖြစ်ပွားခဲ့သော       တာဝါတိုင် အမှတ် ၆၁၃ ပြန်လည်ပြင်ဆင်နေခြင်းလုပ်ငန်း များ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး  ပြည်ထောင်စုဝန်ကြီး က  ပြည်သူများ  လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ အမြန်ဆုံးသုံးစွဲနိုင်ရေး အတွက်   တာဝါတိုင်ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများကို  အမြန် ဆုံးပြီးစီးနိုင်ရေး ကြိုးပမ်းဆောင် ရွက်ကြရန်နှင့် လုပ်ငန်းများဆောင် ရွက်စဉ် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး အလေးထားဆောင် ရွက်သွားရန်  မှာကြားသည်။    

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းနှင့်    မဒဲကျွန်း ရေနံ သိုလှောင်စခန်းတို့မှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပို့လွှတ်ပေး နေမှုကို  ထိန်းချုပ်ဖြန့်ဖြုးပေးနေ သည့် မန္တလေးမြို့ရှိ အရှေ့တောင် အာရှ  ရေနံနှင့်  သဘာဝဓာတ်ငွေ့ ပိုက်လိုင်းပင်မ ထိန်းချုပ်ရေးစခန်း  (မန္တလေး)သို့  ရောက်ရှိရာ အရှေ့ တောင်အာရှရေနံနှင့်  သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဥက္ကဋ္ဌ Mr. Li Zinlin နှင့် တာဝန်ရှိသူများက ဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ် ရေးစခန်းနှင့်      ပိုက်လိုင်းတစ်  ‌လျှောက်ရှိ  ထိန်းဖြန့်စခန်းများ၏    ဝန်ထမ်းအင်အားနှင့်     လုပ်ငန်း ဆောင်ရွက်နေမှု၊         သဘာဝ ဓာတ်ငွေ့အသုံးပြု၍   လျှပ်စစ် ဓာတ်အား  ထုတ်လုပ်နေသည့် စက်ရုံများသို့  သဘာဝဓာတ်ငွေ့ များ   ပို့လွှတ်နေမှု၊   ပိုက်လိုင်းနှင့် ဝင်ငွေရရှိမှုကို ရှင်းလင်းတင်ပြ ခဲ့ပြီး တာဝန်ရှိသူများမှ ဖြည့်စွက် ရှင်းလင်းတင်ပြသည်။ 

 


တင်ပြမှုများနှင့်  စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက  အရှေ့ တောင်အာရှရေနံနှင့်  သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းသည် နှစ်နိုင်ငံ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ  ပိုမိုရရှိစေပြီး        ဝင်ငွေတိုးတက်ရရှိစေသော စီမံ ကိန်းတစ်ခု         ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက်  လိုအပ်သော  လျှပ်စစ်ဓာတ်အားများ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေးအတွက် ပြည် တွင်းသုံးသဘာဝ  ဓာတ်ငွေ့များ ယခုထက်ပိုမိုရရှိ  သုံးစွဲနိုင်ရေး   အထူးအလေးထား   ကြိုးပမ်း ဆောင်ရွက်သွားရန်  လိုကြောင်း၊ ရေနံနှင့်  သဘာဝဓာတ်ငွေ့များ စဉ်ဆက်မပြတ် ပို့လွှတ်ပေးနိုင်ရေး ပိုက်လိုင်းကြံ့ခိုင်မှုအတွက်  လိုအပ် သောစစ်ဆေးခြင်းများ  သတ်မှတ် အချိန်၊  သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ  အလေးထားဆောင်ရွက် ရန်ဖြစ်ကြောင်း      မှာကြားပြီး ပိုက်လိုင်းစခန်းအတွင်းရှိ Control Center ၊ ရေနံနှင့်  သဘာဝဓာတ်ငွေ့ များ ဖြန့်ဖြူးပေးနေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်