ပြည်သူလူထုအတွက် လိုအပ်လျက်ရှိသော ဆေးဝါးများ ဈေးကွက်အတွင်း မပြတ်လပ်စေရေးနှင့် ဆေးဝါးများ တင်သွင်းရာတွင် လွယ်ကူချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၂၄ 


ပြည်သူလူထုအတွက် လိုအပ်လျက်ရှိသော ဆေးဝါးများ ဈေးကွက်အတွင်း မပြတ်လပ်စေရေးနှင့် ဆေးဝါးများ တင်သွင်းရာတွင် လွယ်ကူချောမွေ့စေရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌  ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ Online  Meeting စနစ်ဖြင့် ကျင်းပသည်။

 


အစည်းအဝေးသို့     စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊  ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ     မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး  ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊       မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နှင့် ဆေးဝါးနှင့် အထာက်အကူပြုပစ္စည်း တင်သွင်း သည့် ကုမ္ပဏီများမှ   တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

 


ဆေးဝါးများပြတ်လပ်မှုမရှိစေရေး


အစည်းအဝေးတွင်    ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး      ယခင်နှစ်က လည်း တစ်နှစ်လုံး ရင်ဆိုင်ခဲ့ရပြီး ယခုနှစ်မှာလည်း တတိယလှိုင်းအနေဖြင့် ပိုမိုပြင်းထန်သည့် ရင်ဆိုင် မှုနှင့် ကြုံတွေ့နေရပြီး  အထူးပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊   ပြည်သူလူထုအတွက်   လိုအပ် လျက်ရှိသော ဆေးဝါးများ ဈေးကွက်အတွင်း မပြတ် လပ်စေရေးနှင့်         ဆေးဝါးများတင်သွင်းရာတွင် လွယ်ကူချောမွေ့စေရေး စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခုရင်ဆိုင်နေရသည့် ကိုဗစ်-၁၉ ကာလ အတွင်း လိုအပ်သည့် ဆေးဝါးများအပြင်   ပြည်သူ လူထုအတွက် ပုံမှန်အားဖြင့် သုံးစွဲရန်လိုအပ်နေသည့် ဗီတာမင်ဆေးများ၊ ရာသီအလိုက် ဖြစ်ပေါ်တတ်သော အအေးမိ၊ တုပ်ကွေး၊ ဖျားနာ၊ ချောင်းဆိုး၊  ဝမ်းပျက် ဝမ်းလျှောရောဂါများအတွက် လိုအပ်သည့် ဆေးဝါး များ၊   ရေရှည်သုံးစွဲရသည့်   နှလုံး၊ ကျောက်ကပ်၊ သွေးတိုး၊ ဆီးချိုစသည့် ရောဂါများအတွက်  ဆေးဝါး များ ပြတ်လပ်မှုမရှိစေရေး စဉ်ဆက်မပြတ်တင်သွင်း နိုင်ရေးအတွက်နှင့်     ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး အတွက်လည်း ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် လေဆိပ်များ သို့ ရောက်ရှိပြီးဖြစ်သည့် အရေးကြီးလိုအပ်လျက်ရှိ သည့် ဆေးဝါးများ ကုမ္ပဏီများမှ အမြန်ဆုံးထုတ်ယူ နိုင်ရေးနှင့် ထုတ်ယူပြီးဖြစ်သည့်    ဆေးဝါးများကို ဈေးကွက်အတွင်းသို့    အမြန်ဆုံးရောက်ရှိစေရေး၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးအသီးသို့   ဖြန့်ခွဲ ရောင်းချပေးနိုင်ရေးအတွက်လည်း    သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ UMFCCI နှင့် ညီနောင်အသင်းအဖွဲ့ များနှင့် ပေါင်းစပ်ညှိနှိုင်း   ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ပြောကြားသည်။

 


ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးညွန့်အောင်နှင့် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေးဗဟိုကော်မတီ        တွဲဖက်အတွင်းရေးမှူး  ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့က သက်ဆိုင်ရာနိုင်ငံများ တွင် သတ်မှတ်ချက်နှင့်ကိုက်ညီပြီး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခွင့်ရရှိထားသည့်    ဆေးဝါးနှင့်အထောက် အကူပြုပစ္စည်းများ၊ ဗီတာမင် C ၊ ဗီတာမင် D ၊ Zinc နှင့်ပတ်သက်သည့်ဆေးဝါးများ   တင်သွင်းရာတွင် One   Time   Permit   ဖြင့်    တင်သွင်းခွင့်ပြုနိုင်ရေး၊ အရေးကြီးလိုအပ်နေသည့် ဆေးဝါးများကို တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ     စင်းလုံး ငှားလေယာဉ်များဖြင့်    သယ်ယူတင်သွင်းနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

 


သွင်းကုန်လိုင်စင်ခွင့်ပြု ဆောင်ရွက်ပေး


ထို့နောက်      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်     စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့်      ဆေးဝါးနှင့်  အထောက် အကူပြုပစ္စည်း       တင်သွင်းရောင်းချလျက်ရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ စီးပွားရေးနှင့်    ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ  ဆေးဝါးနှင့်    အထောက်အကူပြုပစ္စည်း များ   တင်သွင်းရန်အတွက်  Online ဖြင့်   လိုင်စင် လျှောက်ထားမှုများကို  အများပြည်သူရုံးပိတ်ရက် များတွင်လည်း သွင်းကုန်လိုင်စင်ခွင့်ပြု ဆောင်ရွက် ပေးလျက်ရှိကြောင်း  သိရသည်။ 


သတင်းစဉ်