ပြည်သူလူထုအား သွားနှင့်ခံတွင်းဆိုင်ရာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ်နှင့်တိုက်နယ် အဆင့်မှ ကျေးလက်ဒေသများအထိ ပိုမိုထိရောက်စွာ ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   ဇွန်   ၇
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီး ဌာနနှင့်     ကုသရေးဦးစီးဌာနတို့တွင်     တာဝန်    ထမ်းဆောင်နေသော သွားနှင့်ခံတွင်းဆရာဝန်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို  ယနေ့   မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊   ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊   ညွှန်ကြားရေးမှူးချုပ်များ၊    ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊   ညွှန်ကြားရေးမှူးများ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ  သွားနှင့်ခံတွင်းဆရာဝန်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သွားနှင့်ခံတွင်း ကျန်းမာရေးကဏ္ဍ  ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန၏  ဦးစားပေးလုပ်ငန်းစဉ် တစ်ခုဖြစ်သည့်      လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာရေးစနစ် (Universal Health Coverage-UHC) ရရှိရေး ဆောင်ရွက်ရာတွင် ပြည်သူ လူထုအား  သွားနှင့်ခံတွင်းဆိုင်ရာ  အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို   မြို့နယ်နှင့်တိုက်နယ် အဆင့်မှ ကျေးလက်ဒေသများအထိ ပိုမို၍ထိရောက် စွာ  ပေးအပ်နိုင်ရေးအတွက်  ဝန်ကြီးဌာနမှ   စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း။
ဝန်ကြီးဌာနအနေဖြင့်   သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ   ပိုမိုထိရောက်စွာ ပေးအပ်နိုင်ရန်အတွက်   မြို့နယ်တိုင်းတွင်  သွားနှင့် ခံတွင်းဆေးကုသမှုထိုင်ခုံ (Dental Chair) များနှင့် လိုအပ်သည့် ဆေးပစ္စည်းနှင့် စက်ပစ္စည်းကိရိယာများ လုံလောက်စွာ ထားရှိရေး၊ မြို့နယ်တိုင်းတွင် သွားနှင့် ခံတွင်းဆရာဝန်များကို ထားရှိရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သွားနှင့်ခံတွင်းဆရာဝန်များအနေ ဖြင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေးဟူ၍ ကဏ္ဍခွဲခြား ခြင်းမရှိဘဲ ပြည်သူလူထုနှင့် လူနာများ၏ အကျိုးကို ရှေးရှု၍ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်း များကို တွဲဖက်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ပညာရပ်ဆိုင်ရာ  တိုးတက်မှုများ အဆက်မပြတ် ရှိစေရေးအတွက် ဌာနတွင်း စဉ်ဆက်မပြတ် သင်ယူ လေ့လာခြင်းအစီအစဉ်  (CME) များ  ဆောင်ရွက် ခြင်း၊  ဌာနတွင်း   ဉာဏ်သစ်လောင်းသင်တန်းများ ဆောင်ရွက်ခြင်း၊   နိုင်ငံတကာနှင့်    ပြည်တွင်းမှ ပညာရှင်များနှင့်ပူးပေါင်း၍ ပညာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း စသည်တို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး ဝန်ကြီးဌာန မှလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း။
သွားနှင့်ခံတွင်း     ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်မြင့်မားရေးနှင့် လွှမ်းခြုံမှု ကောင်းမွန်စေရေး ဆောင်ရွက်ရာတွင်   ကုသရေးလုပ်ငန်းများအပြင် ကျန်းမာကြံ့ခိုင်သည့်    မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေးအတွက်   အထူးအရေးပါသည့် ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် ကျောင်းသား လူငယ်များ၏ သွားနှင့်ခံတွင်းကျန်းမာရေးကို အဓိက ထား၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် မူကြို ကျောင်းများနှင့် နေ့ကလေးထိန်းကျောင်းများတွင် သက်ငယ်ကလေးသွားပိုးစားရောဂါ ကာကွယ်ခြင်း၊  ကိုယ်ဝန်ဆောင်မိခင်များတွင်    သွားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ    ဆောင်ရွက်ခြင်းနှင့် သက်ကြီးရွယ်အိုများအတွက်       သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ    စသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို       တွဲဖက် ဆောင်ရွက်ကြရန်၊ သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာ ရေးလူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ရရှိစေရေး အတွက် မကြာမီသင်တန်းပြီးဆုံးမည့် သွားနှင့်ခံတွင်း ဆိုင်ရာ  အလုပ်သင်ဆရာဝန်များအား  လုပ်ငန်းခွင် အတွင်းသို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရေး အတွက်   စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊   သွားဘက် ဆိုင်ရာသူနာပြုနှင့် သွားဘက်ဆိုင်ရာ အကူသူနာပြု များကိုလည်း   မွေးထုတ်လျက်ရှိကြောင်း၊   ထို့ပြင် သွားတုကျွမ်းကျင်ဝန်ထမ်းများကို တိုးချဲ့မွေးထုတ်၍ အလုပ်ခန့်ထားပေးပြီး သွားတုလုပ်ငန်းသုံးပစ္စည်း များအား ဝယ်ယူဖြည့်ဆည်းပေးလျက်ရှိကြောင်း။
သွားဘက်ဆိုင်ရာ     ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထွေထွေရောဂါကုဆေးရုံများ တွင် သွားဆေးခန်းများကို ဖွင့်လှစ်ထားရုံသာမက သွားရောဂါကုသီးသန့်ဆေးရုံများကို  တိုးချဲ့ဖွင့်လှစ် သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြား သည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန    ဒုတိယ ဝန်ကြီး   ဒေါက်တာအေးထွန်းက   သွားနှင့်ခံတွင်း ဆရာဝန်များအနေဖြင့်  စဉ်ဆက်မပြတ်  လေ့လာ ဆည်းပူးနိုင်မည့် အခွင့်အလမ်းများ၊ ပညာရပ်ပိုင်း ဆိုင်ရာ  တိုးတက်ရေးနှင့်  ရာထူးတာဝန်အဆင့်ဆင့် ပေးအပ်နိုင်မည့်  အခွင့်အလမ်းများ၊  သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု   လုပ်ငန်းများအတွက် လိုအပ်သည့်   ဆေးပစ္စည်းနှင့်စက်ကိရိယာများကို စနစ်တကျ စာရင်းကောက်ယူ၍ တင်ပြနိုင်ရေးတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာ သည့် ညွှန်ကြားရေးမှူး (သွားကျန်းမာ) ဒေါက်တာ ခင်မောင်နှင့်    နေပြည်တော်၊   တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီး များ၊   သွားနှင့်ခံတွင်းဆရာဝန်များက    လုပ်ငန်း ဆောင်ရွက်မှုများ၊    လုပ်ငန်းလိုအပ်ချက်များနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။                           သတင်းစဉ်