ပြည်သူ့ကြားက ပြည်သူ့စကားအစီအစဉ် ထုတ်လွှင့်မည်

 

နေပြည်တော်   ဇန်နဝါရီ    ၃၁
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်   အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ  ကိစ္စရပ်များနှင့် ပတ်သက်၍  ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား   သဇင်  FM ၏  “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “KNPP/PDF     အကြမ်းဖက်သမားများက   ကယားပြည်နယ် လွိုင်ကော်မြို့ရှိ    လောပိတရေအားလျှပ်စစ်    ဓာတ်အားပေးစက်ရုံနှင့်   ချိတ်ဆက် သွယ်တန်းထားသော မဟာဓာတ်အားလိုင်း တာဝါတိုင်ကို မိုင်းခွဲ ဖျက်ဆီး”ခေါင်းစဉ်ဖြင့်   ဖေဖော်ဝါရီ  ၁  ရက်  မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
လာမည့်အပတ်  ဗုဒ္ဓဟူးနေ့   မွန်းလွဲ   ၁  နာရီတွင် “စစ်ကိုင်းတိုင်း    ဒေသကြီး အရာတော်မြို့နယ်  သလဲဘာကျေးရွာအား PDF အမည်ခံ အကြမ်းဖက်သမားများက   မီးရှို့ဖျက်ဆီး၊  လက်နက်ငယ်များဖြင့်   ပစ်ခတ်မှုကြောင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး အပြစ်မဲ့ပြည်သူ ရှစ်ဦး သေဆုံး၊ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ” ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များ အနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ  ၁၁  နာရီ အတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့  အမည်၊   နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့်    ပြန်လည်ဆက်သွယ်ရမည့်    ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့်   ပရိသတ် များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်   ပေးထားမည်ဖြစ်ကြောင်း သိရသည်။                          

 

 သတင်းစဉ်