“ပြည်သူ့ကြားက ပြည်သူ့စကား”အစီအစဉ် ထုတ်လွှင့်မည်

 

နေပြည်တော်    ဩဂုတ်   ၉


မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်   အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ   ကိစ္စရပ်များနှင့် ပတ်သက်၍  ပရိသတ်များ၏  ရင်တွင်းခံစားချက်  စကားသံများကို သဇင်  FM  ၏    “ ပြည်သူ့ကြားက  ပြည်သူ့စကား”    အစီအစဉ်မှ  “ချောင်းဦးမြို့နယ်၌   PDF   အမည်ခံ    အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့‌ဆောင်စဉ် လှုမှု ကူညီရေးယာဉ်များအား    ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်” ခေါင်းစဉ်ဖြင့်     ဩဂုတ်   ၁၀   ရက်  မွန်းလွဲ  ၁  နာရီတွင်   ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။

 


လာမည့်အပတ်  ဗုဒ္ဓဟူးနေ့  မွန်းလွဲ ၁ နာရီတွင်  “သေတဲ့သူက သေပြီး ဘယ်သူသေသေ ကိုယ်မာဖို့ပဲလုပ်နေသော ‌ငတေများ” နှင့်    ပတ်သက်သည့်ခေါင်းစဉ်ဖြင့်       ဆွေးနွေးတင်ဆက်မည်ဖြစ်သော ကြောင့်      ပါဝင်ဆွေးနွေးလိုသူ     ပရိသတ်များအနေဖြင့်    အပတ်စဉ်    ကြာသပတေးနေ့    နံနက် ၁၀  နာရီမှ  ၁၁  နာရီအတွင်း    ဖုန်းနံပါတ်    ၀၉-၈၉၉၀၉၉၅၉၅    သို့   အမည်၊   နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့်  ပြန်လည်ဆက်သွယ်ရမည့်   ဖုန်းနံပါတ်တို့ကို Message  ပေးပို့ပါဝင် နိုင်ပြီဖြစ်ကြောင်းနှင့်    ပါဝင်လာသည့်   ပရိသတ်များ၏  ဖုန်းနံပါတ် များနှင့်   ကိုယ်ရေးအချက်အလက်များကို  လျှို့ဝှက်ပေးထားမည် ဖြစ်ကြောင်း  သိရသည်။                 

သတင်းစဉ်