
နေပြည်တော် ဩဂုတ် ၃
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင် FM ၏ “ ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဆရာ ဆရာမများအား ခြိမ်းခြောက်၍ မော်တော်ဆိုင်ကယ်များအား လုယက်ယူဆောင်ခဲ့သည့် ဖြစ်စဉ်” ခေါင်းစဉ်ဖြင့် ဩဂုတ် ၃ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “ချောင်းဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် ဒဏ်ရာ ရရှိသူများကို ဆေးရုံပို့ဆောင်စဉ် လူမှုကူညီရေးယာဉ်များအား ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်” နှင့် ပတ်သက်သည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ် ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်း နှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေး အချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်