ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ်ထုတ်လွှင့်မည်

 

နေပြည်တော်   ဇွန်   ၂၇
မျက်မှောက်ကာလတွင်  ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက် ၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများကို သဇင် FM ၏  “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ  “ကော့ကရိတ်မြို့၊ သိမ်ဇရပ်မြို့အတွင်းသို့ KKO (ခွဲထွက်) အဖွဲ့၊ KNLA အဖွဲ့နှင့် PDF  အမည်ခံအကြမ်းဖက်အဖွဲ့တို့က   လက်နက်ကြီးများဖြင့်  ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာ ရရှိခဲ့သည့်ဖြစ်စဉ်”  ခေါင်းစဉ်ဖြင့်   ဇွန်  ၂၈  ရက်  မွန်းလွဲ  ၁  နာရီတွင်     ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။ 
လာမည့်အပတ် ဗုဒ္ဓဟူးနေ့  မွန်းလွဲ  ၁  နာရီတွင်   “ဓားပြတိုက် လုယက်မှုများ ကျုးလွန်ခဲ့သည့် တွံတေးမြို့ပြပြောက်ကျား အမည်ခံ PDF အကြမ်းဖက်အဖွဲ့ ဒုတိယခေါင်းဆောင်နှင့် အဖွဲ့ဝင်များအား ထပ်မံဖော်ထုတ်ဖမ်းဆီးရမိ” ခေါင်းစဉ်ဖြင့်  ဆွေးနွေးတင်ဆက်မည် ဖြစ်သောကြောင့်    ပါဝင်ဆွေးနွေးလိုသူ    ပရိသတ်များအနေဖြင့်  အပတ်စဉ်   ကြာသပတေးနေ့   နံနက်   ၁ဝ နာရီ မှ ၁၁ နာရီအတွင်း   ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင် နှင့်    ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏  ဖုန်းနံပါတ် များနှင့်   ကိုယ်ရေးအချက်အလက်များကို    လျှို့ဝှက်ပေးထားမည် ဖြစ်ကြောင်း သိရသည်။   
သတင်းစဉ်