
နေပြည်တော် နိုဝင်ဘာ ၂၉
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများ အား သဇင်FM၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ပေသောင်ရွာလူသတ်မှု” ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “ပုလောမြို့နယ်၊ ပလမြို့တွင် PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများအား သေနတ်ပြ ခြိမ်းခြောက်ပြီး ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်ကာ နေအိမ်အား မိုင်းခွဲဖျက်ဆီးမှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သော ကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ်ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည် ဆက်သွယ်ရမည့်ဖုန်းနံပါတ်တို့ကို Message ပေးပို့ ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ် များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက် များအား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။
သတင်းစဉ်