ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ်ထုတ်လွှင့်မည်

 

နေပြည်တော်   ဩဂုတ်   ၁၃
မျက်မှောက်ကာလတွင်   ဖြစ်ပွားလျက်ရှိသော  လုံခြုံရေး၊   တရား ဥပဒေစိုးမိုးရေးနှင့်   အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ  ကိစ္စရပ်များ နှင့်ပတ်သက်၍   ပရိသတ်များ၏  ရင်တွင်းခံစားချက်စကားသံများ အား သဇင် FM ၏   “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ဆေးရုံရှိ   ဆေးဝန်ထမ်းများ၊    ဆေးဝါးကုသနေတဲ့   လူနာများ၊ အမျိုးသမီးနှင့်   ကလေးပါမကျန်  ကြောက်မက်ဖွယ်  လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှု”ခေါင်းစဉ်ဖြင့်  ဩဂုတ် ၁၄ ရက် မွန်းလွဲ ၁ နာရီတွင်  ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
လာမည့်အပတ်   ဗုဒ္ဓဟူးနေ့   မွန်းလွဲ ၁ နာရီတွင်  “ပြည်သူတွေ စက်သုံးဆီအခက်အခဲဖြစ်အောင် ပြုလုပ်နေတဲ့ ဝိသမလောဘသား များ”  ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့်  ပါဝင် ဆွေးနွေးလိုသူ  ပရိသတ်များအနေဖြင့်   အပတ်စဉ်   ကြာသပတေးနေ့  နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၈၅သို့  အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင် လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက် များအား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်