
နေပြည်တော် မေ ၃
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်း ဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်း ခံစားချက်စကားသံများကို သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ် မှ “စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့ က ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲ၍ ကိုရင်ငယ်နှစ်ပါး သေဆုံး ကာ ကိုရင်ငယ်တစ်ပါး ဒဏ်ရာရရှိမှု” ခေါင်းစဉ်ဖြင့် မေ ၄ ရက် မွန်းလွဲ ၁ နာရီ တွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်သည်။
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “လူငယ်များရဲ့ ပညာသင်ကြား ရေးကို ခြိမ်းခြောက်နေသော အနာဂတ် ကို အညွန့်ချိုးနေတဲ့ နိုင်ငံရေး အစွန်း ရောက် အကြမ်းဖက်သမားများ” ဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ် သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ် များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီ အတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ် လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာ သည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက် ပေးထားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်