
နေပြည်တော် ဧပြီ ၂၅
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်း ဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင် FM ၏ “ပြည်သူ့ကြား က ပြည်သူ့စကား” အစီအစဉ်မှ “မှိုင်းမိသူမှိုင် လည်မိသူပျော် သင်္ကြန်ပွဲတော်” ခေါင်းစဉ်ဖြင့် ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်သည်။
အလားတူ လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “စစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲ၍ ကိုရင်ငယ်နှစ်ပါး သေဆုံးကာ ကိုရင်ငယ်တစ်ပါး ဒဏ်ရာရရှိမှု” နှင့် ပတ်သက် သည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည် ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ် များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီ ဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက် များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်