ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ် ထုတ်လွှင့်မည်

 

နေပြည်တော်    ဇန်နဝါရီ    ၂    
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ  ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ထာဝရ စဉ် ထိန်းသိမ်းစောင့်ရှောက်သွားရမည့် လွတ်လပ်ရေး”  ခေါင်းစဉ် ဖြင့် ဇန်နဝါရီ  ၃  ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးမည်ဖြစ် သည်။ 
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “ပညာဖြင့် တည်ဆောက်ကြရာဝယ်” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည် ဖြစ်သောကြောင့်    ပါဝင်ဆွေးနွေးလိုသူ  ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့  နံနက်  ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့  အမည်၊ နေရပ်လိပ်စာ၊ အလုပ် အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့်   ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်ပေး ထားမည်ဖြစ်ကြောင်း သိရသည်။                                       
သတင်းစဉ်