
နေပြည်တော် ဇန်နဝါရီ ၂၄
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများ အား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ PDF အကြမ်းဖက် သမားများ သတ်ဖြတ်မှုကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် ရှစ်ဦးသေဆုံးခဲ့” ခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်သည်။
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “KNPP/PDF အကြမ်းဖက်သမားများက ကယားပြည်နယ် လွိုင်ကော်မြို့ရှိ လောပိတရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ချိတ်ဆက် သွယ်တန်းထားသော မဟာဓာတ်အားလိုင်း တာဝါတိုင်ကို မိုင်းခွဲ ဖျက်ဆီး” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေး နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ် ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေး အချက်အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်