“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ် ထုတ်လွှင့်မည်


 

နေပြည်တော်    မေ   ၁၇
မျက်မှောက်ကာလတွင်   ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်   အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ  ကိစ္စရပ်များနှင့် ပတ်သက်၍  ပရိသတ်များ၏  ရင်တွင်းခံစားချက်  စကားသံများကို သဇင် FM ၏ “ ပြည်သူ့ကြားက ပြည်သူ့စကား”အစီအစဉ်မှ  “မိုးညှင်း မြို့နယ်၊  နန်းမားကျေးရွာအုပ်စု၊   နန့်စလော်ကျေးရွာရှိ  ဒက္ခိဏဝန်မန်  (တောင်ကျောင်း)  ဘုန်းတော်ကြီးကျောင်းတိုက်အား    အကြမ်းဖက် အဖွဲ့များက   ဒရုန်းယာဉ်ဖြင့်  ပစ်ချဖောက်ခွဲခဲ့သည့်ဖြစ်စဉ်”  ခေါင်းစဉ် ဖြင့်  မေ ၁၈ ရက်  မွန်းလွဲ  ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွား မည်ဖြစ်သည်။
အလားတူ လာမည့်အပတ်   ဗုဒ္ဓဟူးနေ့  မွန်းလွဲ ၁ နာရီတွင်   “ရှမ်းပြည်နယ်  ရပ်စောက်မြို့နယ်ရှိ  စစ်ဆေးရေးဂိတ်၌ အကြမ်းဖက် အဖွဲ့အစည်းများ၏      လက်နက်နှင့်ဆက်စပ်ပစ္စည်းများ   ဖမ်းဆီးရမိ သည့် ဖြစ်စဉ်”နှင့် ပတ်သက်သည့် ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ဆက် မည်ဖြစ်သောကြောင့်      ပါဝင်ဆွေးနွေးလိုသူ    ပရိသတ်များအနေဖြင့်    အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀နာရီမှ ၁၁ နာရီအတွင်း  ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့   အမည်၊   နေရပ်လိပ်စာ၊  အလုပ် အကိုင်နှင့်    ပြန်လည် ဆက်သွယ်ရမည့်   ဖုန်းနံပါတ်တို့ကို    Message   ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့်   ပါဝင်လာသည့်  ပရိသတ်များ၏   ဖုန်းနံပါတ်များနှင့်   ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထား မည်ဖြစ်ကြောင်း သိရသည်။                        
သတင်းစဉ်