“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ် ထုတ်လွှင့်မည်


 

နေပြည်တော်    မေ   ၁၀
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်  အကြမ်း ဖက်မှု    တားဆီးရေးဆိုင်ရာ     ကိစ္စရပ်များနှင့် ပတ်သက်၍  ပရိသတ်များ၏  ရင်တွင်းခံစား ချက် စကားသံများကို သဇင် FM ၏ “ပြည်သူ့ ကြားက     ပြည်သူ့စကား”    အစီအစဉ်မှ “လူငယ်များရဲ့       ပညာသင်ကြားရေးကို ခြိမ်းခြောက်နေသော အနာဂတ်ကို   အညွန့် ချိုးနေတဲ့   နိုင်ငံရေးအစွန်းရောက်    အကြမ်း ဖက်သမားများ” ခေါင်းစဉ်ဖြင့်   မေ  ၁၁ ရက်  မွန်းလွဲ  ၁ နာရီတွင်     ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်သည်။
အလားတူ     လာမည့်အပတ်     ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “မိုးညှင်းမြို့နယ်၊ နန်းမား ကျေးရွာအုပ်စု၊ နန့်စလော်ကျေးရွာရှိ ဒက္ခိဏ ဝန်မန်  (တောင်ကျောင်း)      ဘုန်းတော်ကြီး ကျောင်းတိုက်အား အကြမ်းဖက်အဖွဲ့များက ဒရုန်းယာဉ်ဖြင့်  ပစ်ချဖောက်ခွဲခဲ့သည့်ဖြစ်စဉ်”  နှင့် ပတ်သက်သည့်ခေါင်းစဉ်ဖြင့်   ဆွေးနွေး တင်ဆက်မည်ဖြစ်သောကြောင့်       ပါဝင် ဆွေးနွေးလိုသူ      ပရိသတ်များအနေဖြင့်    အပတ်စဉ်      ကြာသပတေးနေ့     နံနက် ၁၀  နာရီမှ   ၁၁  နာရီအတွင်း      ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅  သို့   အမည်၊   နေရပ် လိပ်စာ၊     အလုပ်အကိုင်နှင့်     ပြန်လည် ဆက်သွယ်ရမည့်  ဖုန်းနံပါတ်တို့ကို  Message   ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့်  ပါဝင်လာ သည့်   ပရိသတ်များ၏    ဖုန်းနံပါတ်များနှင့်  ကိုယ်ရေးအချက်အလက်များကို   လျှို့ဝှက် ပေးထားမည်ဖြစ်ကြောင်း  သိရသည်။     
သတင်းစဉ်