
နေပြည်တော် မေ ၉
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်း ဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင် FM ၏ “ပြည်သူ့ကြား က ပြည်သူ့စကား” အစီအစဉ်မှ “လူငယ်များရဲ့ ပညာသင်ကြားရေးကို ခြိမ်းခြောက်နေသော အနာဂတ်ကို အညွန့်ချိုးနေတဲ့ နိုင်ငံရေး အစွန်းရောက် အကြမ်းဖက်သမားများ” ခေါင်းစဉ်ဖြင့် မေ ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
အလားတူ လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “မိုးညှင်းမြို့နယ်၊ နန်းမား ကျေးရွာအုပ်စု၊ နန့်စလော်ကျေးရွာရှိ ဒက္ခိဏ ဝန်မန် (တောင်ကျောင်း) ဘုန်းတော်ကြီး ကျောင်းတိုက်အား အကြမ်းဖက်အဖွဲ့များက ဒရုန်းယာဉ်ဖြင့် ပစ်ချဖောက်ခွဲခဲ့သည့်ဖြစ်စဉ်” နှင့် ပတ်သက်သည့် ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေး လိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီ အတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီ ဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များ နှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက် ပေးထားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်