“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်


 

နေပြည်တော်   ဖေဖော်ဝါရီ    ၂၁
မျက်မှောက်ကာလတွင် ဖြစ်ပွားလေ့ရှိသော လုံခြုံ‌ရေး၊ တရားဥပဒေစိုးမိုး‌ရေးနှင့် အကြမ်း ဖက်မှုတားဆီးရေးဆိုင်ရာ   ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစား ချက်    စကားသံများအား   သဇင်  FM  ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “အပြစ်မဲ့ပြည်သူများအား အသက်တစ်ချောင်း ငွေငါးသောင်းဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သော ဖမ်းဆီးရမိ  တရားခံများနှင့်  ပတ်သက်၍ ဆွေးနွေးခြင်း”   ခေါင်းစဉ်ဖြင့်  ဖေဖော်ဝါရီ  ၂၃  ရက်  မွန်းလွဲ  ၁  နာရီတွင်  ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်၊၊ 
ဆက်လက်၍  လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ  ၁ နာရီတွင် “သထုံမြို့မဈေးအတွင်း PDF  အမည်ခံ  အကြမ်းဖက်သမားများက လက်လုပ်ချိန်ကိုက်မိုင်းဖြင့်   ဖောက်ခွဲမှု ကြောင့် ဈေးရောင်း/ဈေးဝယ်  ပြုလုပ်နေကြ သည့်  အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဈေးဆိုင်ခန်းအများအပြား  ပျက်စီး ဆုံးရှုံးခဲ့မှု”  ခေါင်းစဉ်ဖြင့်     ဆွေးနွေးတင်ဆက် မည်    ဖြစ်သောကြောင့်     ပါဝင် ဆွေးနွေး လိုသူ    ပရိသတ်များအနေဖြင့်  အပတ်စဉ် ကြာသပတေးနေ့  မနက် ၁၀ နာရီမှ ၁၁ နာရီ အတွင်း ဖုန်း ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့်   ပြန်လည် ဆက်သွယ်ရမည့်  ဖုန်းတို့ကို Message ပေးပို့ ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့်    ပါဝင်လာသည့်  ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေး အချက်အလက်များအား  လျှို့ဝှက်ပေးထား မည်ဖြစ်ကြောင်း သိရသည်၊၊                     သတင်းစဉ်